စစ်ခေါင်းဆောင် ပူတာအိုသို့ ယနေ့လာမည်ဟု သတင်းများ ထွက်နေချိန်တွင် မူလာရှီးဒီဂိတ်ကို ပူတာအို PDF လက်နက်ကြီးဖြင့် ပစ်ခတ်

182

ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ယနေ့တွင် စစ်ခေါင်း ဆောင် လာရောက်မည်ဆိုသည့် သတင်းများ ထွက်နေချိန်တွင် ပူတာအိုရှိ မူလာရှီးဒီ အထူးစစ်ဆေးရေး စု ပေါင်းဂိတ်ကို ပူတာအို PDF က ယနေ့ မနက် ၁ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ သတိပေးလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

“ပူတာအို မူလာရှီးဒီ အထူးစစ်ဆေးရေး စုပေါင်းဂိတ်ကို ကျွန်တော်တို့ PUTAO PDF မှ လက်နက် ကြီးဖြင့် သတိပေး ပစ်ခတ်ခဲ့သည်မှာ မှန်ကန်ပါကြောင်းနှင့် စကစ တပ်ဖက်မှ အသေ အပျောက်ရှိနိုင်၊ စုံစမ်းနေဆဲဖြစ် ကြောင်း” ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ် သတင်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထို့ပြင်”အခုချိန်မှာ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအို သို့ လာမည်ဖြစ်သည့် အတွက် ပူတာအိုမှ လက်မခံပါကြောင်းနှင့် ရောက်ရှိလာပါက ဒီထက် ကြမ်းသော သတိ ပေး ပစ်ခတ်မူများပြုလုပ်သွားမည်” ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကချင်ပြည်နယ် မြစ်ကြီးနားသို့ သွားရောက်ခဲ့ပြီး၊ စက်တင်ဘာလ ၁၉ ရက်တွင် ပူတာအိုသို့ သွားရောက်ရန် စီစဉ်ခဲ့သော် လည်း ခရီးစဉ် ပျက်သွားပြီး ယနေ့ ( အောက်တို ဘာ ၃ ရက်) တွင် ပူတာအိုသို့ ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ပူတာအိုအခြေစိုက် လှုပ်ရှားနေသည့် PDF အဖွဲ့မှာ စစ်အာဏာရှင် ကျဆုံးရေးအတွက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် ကြေ ညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here