စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲအား ဒေါက်တာဆာဆာမှ တုံ့ပြန်ချက်

221

အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲတွေ ကြည့်လိုက်ရင် ပြည်သူလူထုကြီးရဲ့ တော်လှန်ရေးဟာ ဘယ်လောက်ထိအောင်မြင်နေသလဲဆိုတာ တွက်စလို့ရပါတယ်။မင်းအောင်လှိုင်တို့အကြမ်းဖက်အုပ်စုက ကျရူံးနေပြီဆိုတာ ပြောပြနေစရာတောင်မလိုတော့ပါဘူး။သူတို့သည် ဘယ်လောက်ထိအကျပ်တည်းဖြစ်နေကြပြီလဲဆိုတာကလဲ ပေါ်လွင်နေပါပြီ။ အခုချိန်မှာ သူတို့ကကြောက်နေကြပါပြီ သူတို့အတွက် နေပြည်တော်လိုမြို့မျိုးမှာတောင် မလုံခြုံတော့ပါဘူး။

သူတို့က အများပြည်သူတွေ ကြောက်ပါစေဆိုပြီးလုပ်လိုက်ကြတာပဲ အခုတော့ သူတို့ သွင်းလိုက်တဲ့အကြောက်တရားက
သူတို့ဆီပြန်ရောက်လာပြီဆိုတော့ ဒီခရီးကမဝေးတော့ဘူးဆိုတာ သေချာပါတယ်။ဇော်မင်းထွန်းကသူတို့ သတင်းစာရှင်းလင်းပွဲမှာ ကလေးတွေကို မသုံးမချပါနှင့်ဆိုတော့တကယ့်ရီစရာ ဟာသလိုဖြစ်နေတယ်။ NUGအစိုးရကိုလဲ သတ္တိရှိရင်ထွက်ခဲ့ဆိုတော့ ဒီလိုနေရာမျိုးမှာ ဒီလိုစကားပြောတယ်ဆိုတော့ ဘယ်လိုအသိညဏ် ဦးနှောက်မျိုးနှင့် ပြောနေတာလဲ နားတောင်မလည်နိုင်ဘူး။

သူတို့တောင် လက်နက်အပြည့်အစုံနှင့် ဘယ်မှာထွက်ရဲလို့လဲ သူတို့ပြောတိုင်း ထွက်ရအောင်ကျွန်တော်တို့က သူတို့ရဲ့ အသိညဏ်ဦးနှောက်လိုမျိုးမဟုတ်ပါဘူး GZ PDF ကလေးတွေရဲ့ လှုပ်ရှားမှုတိုက်ခိုက်မူကအောင်မြင်နေပြီဆိုတာ ပေါ်လွင်သွားပြီး။အခု သူတို့က ဘာလုပ်လို့ကိုင်ရမှန်းမသိလို့ ဆင်ပေါ်တက်ပြီး ပေါကြောင်ကြောင်စကားတွေပြောနေကြပြီ။

တစ်ဘက်ကလဲ တိုင်းရင်းလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မူကြီးကလဲ သူတို့ကို အထိနာစေတယ် ဒါတောင် PDF အားလုံးက စစ်သင်တန်းမဆင်းရသေးဘူး တိုက်ခိုက်မူဟာလဲ ခုခံတိုက်ခိုက်မူအဆင့်ပဲရှိပါသေးတယ်။အကြမ်းဖက်စစ်အာဏာလုအဖွဲ့က တော်တော်လေးကိုကျပ်နေပါပြီ သူတို့ကအခုဆိုရင် တော်တော်လေးကို ကြောက်နေကြပါပြီ။ ဒါဟာ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ အောင်မြင်မူပဲဖြစ်ပါတယ်။

ဇော်မင်းထွန်းကို ပြောချင်တာက ငါတို့ကို အများပြည်သူလူထုကြီးက ရွေးကောက် တင်မြောက်ထားတာပါ မင်းတို့လို လက်နက်အားကိုးပြီး မတရားအာဏာသိမ်းနေတာမဟုတ်ဘူး ပြီးတော့ ကလေးတွေကို ငါတို့က အသုံးချနေတာမဟုတ်ဘူး ကလေးတွေက သူတို့ အနာဂတ်အတွက် သူတို့ရဲနောင်လာနောင်သားတွေအတွက် ဒီမိုကရေစီ လမ်းကြောင်းမှာအသက်တွေ စတေးကြတာကလေးတွေက သူတို့အနာဂတ်ကို သူတို့ကိုယ်တိုင် ပုံဖော်မှရမယ်ဆိုတဲ့ခံယူချက်ရှိပြီးတာပါ ဒါကို မင်းတို့ အကြမ်းဖက်စစ်အုပ်စု မှတ်ထားပါ။

စစ်အာဏာရှင်တွေနှင့် ရင်ဆိုင်တဲ့အခါမှာ လုံးဝခြေတစ်လှမ်းတောင် နောက်ဆုတ်လို့မရပါဘူး ကျွန်တော်တို့က ခြေတစ်လှမ်းနောက်ဆုတ်မိရင် သူတို့က ရှေ့သုံးလှမ်း လှမ်းလာလိမ့်မယ်။

ကျွန်တော်တို့က ရှေ့တစ်လှမ်းထပ်တိုးရင် သူတို့က ကျပ်လေ နေရာကျင်းလေဖြစ်ပါတယ် ဒါက ကမ္ဘာ့သမိုင်းမှာစစ်အာဏာရှင်တွေက ဒီအတိုင်းပါပဲ ၈၈တုန်းက ဘာလို့ ပြည်သူကရူံးရတာလဲဆိုရင် ပြည်သူက ​ခြေတစ်လှမ်းနောက်ဆုတ်မိလို့ဖြစ်ပါတယ်။
ဥပမာ-ပြောရမယ်ဆိုရင် ခြေတစ်လှမ်းဆုတ်တယ်ဆိုတာ သူတို့ရဲ့ အလိမ်အညာတွေ ယုံမိတာပါ အာဏာသီမ်းပြီးကတည်း က ရွေးကောက်ပွဲ

ပြန်လုပ်ပေးမယ်ဆိုတာမျိုးပေါ့ လျှပ်စစ်ရထားဆောက်ပေးမယ်ဆိုတာမျိုးပေါ့ ဒီမိုကရေစီပေးပါ့မယ်ဆိုတာမျိုးပေါ့ မြန်မာပြည်တိုးတက်အောင် လုပ်ပေးမယ်ဆိုတာမျိုးပေါ့

တစ်ချို့ တိုင်းကင်းသားတွေဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်ဆိုတာမျိုးပေါ့ သူတို့ရဲ့အလိမ်အညာစကားကို ယုံမိပြီး ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို ခနရပ်မိရင် သူတို့က ရှေ့ခြေလှမ်းတိုးလာကြလိမ့်မယ်။

လူမျိုးရေးဘာသာရေး မိုင်းတိုက်လာမယ်။ လူ့အဖွဲ့စည်းတွေ မကွဲကွဲအောင်လုပ်လာမယ် ဒါသူတို့ရဲ့ နည်းဗျုဟာကြီးဖြစ်တယ် 21ရာစုမှာတော့

သူတို့ထင်သလို ​မြန်မာပြည်သူတွေက မအတော့ပါဘူး ဒါကြောင့် အခုကြည့်မယ်ဆိုရင် သူတို့ ဘာပဲလုပ်လုပ် မအောင်မြင်နိုင်တော့ဘူး ပြည်သူလူထုကြီးက ဝလုံးအယုံအကြည်မရှိတော့ဘူး သူတို့ ဒီနည်းဗျူဟာတွေ သုံးလာတာ နစ်​ပေါင်း ၇၂ရှိလာခဲ့ပြီ

သူတို့က ဘာလုပ်နိုင်တာရှိလဲ ဘာတစ်ခုမှမလုပ်နိုင်ဘူး သူတို့ လုပ်နိုင်တာဆိုရင် ဘာလက်နက်မှ မရှိတဲ့ ​အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက်မယ် ဖမ်းမယ် ကြိုက်တဲ့ ပေါက်ကရပုဒ်မတပ်မယ် သတ်မယ် လုမယ် ခိုးမယ် ဖျတ်စီးမယ် မုဒိန်းမူကျင့်မယ်
လက်နက်အားကိုးနှင့် အကြောက်ခိုင်းမယ် အကြောက်တရားနှင့် အုပ်ချုပ်မယ် ဒါပဲလုပ်နိုင်တာ နှစ်ပေါင်း ၇၀ ကျော်ဒါတွေပဲလုပ်လာခဲ့ကြတာ

၂၁ရာစု ကျွန်တော်တို့ရဲ့ လက်ထက်မှာတော့ မကောင်းတဲ့ ဒုစရိုက်မှန်သမျှကို လုပ်နေတဲ့ အကြမ်းဖက် စစ်အာပ်စုကို ချုပ်ငြိမ်းရမယ် အဆုံးသတ်ရမယ်။

ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲက အဆင့်အတန်းမရှိတဲ့ သတင်းစာရှင်းလင်းပွဲပါ သူရဲ့ ပြောဆိုမူတွေဟာ လူကြီးတစ်ယောက်ရဲ့ ပြောဆိုမူမျိုးမဟုတ်ပဲ လမ်းဘေးက အရက်သမားတွေ မူးရူးလာတဲ့အခါမျိုးမှာ ပြောလိုက်တဲ့ အပြုအမူမျိုးပါ။

ပုံစံက သေမထူးနေမထူး စိန်ခေါ်လိုက်တဲ့ပုံစံမျိုးပါ ဒီလို ယုတ်ညံ့တဲ့ လူတွေက လက်နက်အားကိုးပြီး ​တိုင်းပြည်အုပ်ချုပ်ချင်တယ်ဆိုတော့ စဉ်းစားကြည့်လေ တိုင်းပြည်သွားပြီပေါ့

ကမ္ဘာ့အကြီးဆုံး သတင်းမီဒီယာဖြစ်တဲ့ CNN သတင်းဌာနချုပ်က ကျွန်တော့်ကို ပြောဖူးပါတယ် စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က လမ်းဘေး ဈေးသည်တွေလောက် ပညာအရည်ချင်းရှိမှာမဟုတ်ဘူးတဲ့ ကျွန်တော်ကိုပြောတယ်
ကျွန်တော်က ပြုံးရီပြလိုက်တယ် ပြည်သူတွေ သိထားရမှာက အခုချိန်မှာ ကျွန်တော်တို့ ပြည်သူတွေပဲ ကြောက်နေရတာမဟုတ်ပါဘူး အကြမ်းဖက်စစ်အုပ်စုက ကျွန်တော်တို့ ပြည်သူတွေထက်ကြောက်နေပါပြီ

ပြည်သူ့ အောင်ပွဲဟာ အရမ်းကို နီးနေပါပြီ စိတ်မကျနဲ့ အားမလျော့နဲ့ မုန်တိုင်းပြီးသွားရင် လေညင်းလာမယ်ဆိုတာသိထားကြပါမကြာခင် ဒီမိုကရေစီ အောင်ပွဲဟာ မလွဲမရှောင်ရောက်ရှိလာလိမ့်မယ်လို့ ပြောရင်းနှင့် အဆုံးသတ်ပါတယ်။မြန်မာလူများနှင့် မြန်မာပြည်ကြီးကို ဘုရားသခင် ကောင်းကြီးပေးပါစေ ပြည်ထောင်စု ဝန်ကြီး Dr ဆာဆာအဂ်လိပ် ဘာသာဖြင့်ကွန်မန့်မှာ တင်ပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here