စစ်ကောင်စီပြန်ဝန် ချစ်နိုင်(စိတ်ပညာ)၏ သမီးကို ယူနက်စကိုက အလုပ် ယာယီရပ်ဆိုင်း

217

စစ်ကောင်စီက ပြန်ကြားရေးဌာန ဝန်ကြီးအဖြစ်ခန့်အပ်ထားသည့် ဦးချစ်နိုင်(စိတ်ပညာ)၏ သမီးဖြစ်သူ မနိုင်နိုင်အေးကို အလုပ်မှ ယာယီရပ်ဆိုင်းစေခဲ့ကြောင်း ယူနစ်စကို(မြန်မာ)နှင့်နီးစပ်သူများက ပြောသည်။

မနိုင်နိုင်အေးသည် ယူနစ်စကို၏ Media and Information Literacy ဌာနတွင် National Program Officer (အမျိုးသားစီမံကိန်းအရာရှိ) အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး Social Punishment (လူမှုရေးပြစ်ဒဏ်)များ ပြုလုပ်ရန် ရုံးကိုတိုက်တွန်းမှုများရှိလာသောကြောင့် ယခုလို အလုပ်မှ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ အလုပ်ကို ဧပြီလကုန်ထိ ရပ်နားခဲ့ခြင်းဖြစ်သည်။

“သူ့ကို အလုပ်ထုတ်လိုက်တာမဟုတ်ဘူး၊ သူ့အဖေက ပြန်ကြားရေးဝန်ကြီးမှာလုပ်နေပေမယ့် မနိုင်နိုင်အေးကပရော်ဖက်ရှင်နယ်ကျကျနဲ့ ပုံမှန်အတိုင်းလုပ်နေတဲ့အခါကျတော့ သူ့ကို ဧပြီလအထိ ယာယီရပ်နားခွင့်ပေးထားတာ” ဟု ယူနက်စကိုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

မနိုင်နိုင်အေး တာဝန်ယူထားသည့် ဌာနသည် မြန်မာပြည်၏သတင်းမီဒီယာဖွံ့ဖြိုးမှု၊ သတင်းလွပ်လပ်ခွင့်နှင့် မီဒီယာသမားများ၏ အခွင့်အရေး၊ ဖိနှိပ်ခံရမှုများကို ကာကွယ်ရန် စီမံကိန်း၊ အလုပ်ရုံဆွေးနွေးပွဲများကိုတာဝန်ယူရသည့် ဌာနဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းတွင် မီဒီယာများ၏ လွပ်လပ်စွာပြောဆိုရေးသားခွင့်များအပေါ် ဖိနှိပ်ခံရမှုများရှိလာခဲ့ပြီး စစ်ကောင်စီ၏ အာဏာကုန်လွှဲအပ်မှုဖြင့် ဦးချစ်နိုင်က ပြည်တွင်းသတင်းမီဒီယာ ငါးခုကို ထုတ်ဝေခွင့်ကို ယခုလ ၁၀ ရက်တွင် ပိတ်သိမ်းခဲ့သည်။

UNESCO အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင်ရှိသည့် UN အဖွဲ့အစည်း ၂၀ အနက်က တစ်ခုဖြစ်ပြီး ယူနက်စကိုစာရင်းဝင်ထားသည့် ပုဂံတွင် စစ်သားနှင့်ရဲများက ပစ်ခတ်မှုများပြုလုပ်နေခြင်းအပေါ်တွင်လည်း မှတ်ချက်တစ်စုံတစ်ရာပေးထားခြင်းမရှိသေးပေ။

UNESCO suspends the daughter of the minister for social punishment

Naing Naing Aye, was suspended by UNESCO in Myanmar until the end of April following receipt of external emails for social sanctions.

Her father, U Chit Naing (psychology) was appointed Minister for Information by the military in February. And because of this, people are urged to impose social sanctions on her, according to sources close to UNESCO.

Naing Naing Aye serves as a National Program Officer in the Department of Media and Information Literacy.

“She has not yet been dismissed because of her abilities. She is on temporary leave until April,” according to a UNESCO source in Myanmar.

She is responsible for media legislation, access to information, safety of journalists, sustainable development of community-based media, media promotion and information literacy.

Media freedom in Myanmar was suppressed after the coup d’état. And Chit Naing took action to stop licences from five local media outlets on March 10.

UNESCO is one of 20 United Nations agencies in Myanmar and hasn’t yet to comment on the shootings of soldiers and police in the UNESCO-listed city of Bagan.

သတင်း- Burma Associated Press

LEAVE A REPLY

Please enter your comment!
Please enter your name here