စစ်ကောင်စီတပ်မှ အလောဘွမ်စခန်းဘက် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် တရုတ်နိုင်ငံထဲ ၆ လုံးကျ

263

စစ်ကောင်စီတပ်မှ အလောဘွမ်စခန်းဘက် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် တရုတ်နိုင်ငံထဲ ၆ လုံးကျ

13 April 2021

စစ်ကောင်စီတပ်မှ ဧပြီလ ၁၂ရက်​နေ့၌ အလောဘွမ်(Alaw Bum) ဘက်သို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၆လုံး တရုတ်နိုင်ငံထဲသို့လည်း ကျ​ရောက်ခဲ့​ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံထဲကို ကျရောက်သွား​သော ကျည်များသည် လူရှိမ​နေသည့် ခြံများတွင် ကျရောက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းလည်း ဆိုသည်။

စစ်ကောင်စီမှ အလောဘွမ်ဘက်ကို စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး တိုက်ခိုက်နေသည်ဟု ကေအိုင်အို သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

၎င်းစစ်ကြောင်းများနှင့် ကေအိုင်အေ တပ်ဖွဲ့ဝင်များ ယမန်နေ့ည တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။ စစ်​ကြောင်းနှစ်ခုထဲက စစ်​ကြောင်းတစ်ခုသည် ပြန်မဆုတ်​သေးဘဲ ​တောထဲရှိ​နေ​သေး​ကြောင်း ဆိုသည်။

“အဲစစ်ကြောင်းက ပြန်လည်းမပြန်သွားသေးဘူး။ တောမှာပဲရှိသေးတယ် ဆိုတော့ ဒီနေ့ ပြန်တွေ့ရင် တိုက်ပွဲက ပြန်ပြီး ပြင်းထန်လာနိုင်တယ်”ဟု ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

စစ်ကောင်စီလက်နက်ကိုင် စစ်ကြောင်းဘက်မှ အထိအခိုက်များပြီး ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ရှိကြောင်း သိရသည်။

စစ်ကောင်စီလက်နက်ကိုင်များမှ အလောဘွမ်စခန်းကို လေကြောင်း၊ ခြေလျှင်၊ လက်နက်ကြီးများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ၃ရက်ကျော်လာပြီ ဖြစ်သည်။

Photo. Crd

LEAVE A REPLY

Please enter your comment!
Please enter your name here