စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ လူသူကင်းမဲ့တဲ့ မော်တင်စွန်းဘုရားဖွင့်ပွဲ

153

စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ လူသူကင်းမဲ့တဲ့ မော်တင်စွန်းဘုရားဖွင့်ပွဲ

မဇ္ဈိမ ၊ မတ် ၁၃

တစ်ချိန်က ဧရာဝတီတိုင်းဒေသကြီးရဲ့ အလွန်စည်ကားလှတဲ့ မြတ်မော်တင်စွန်းဘုရားပွဲတော်ကြီး စစ်ကောင်စီက ဦးဆောင်ပြီး မတ်လ ၁၃ရက်နေ့က လူသူကင်းမဲ့စွာ ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ တာဝန်ရှိသူအချို့သာ တက်ရောက်ဖွင့်လှစ်ခဲ့ ဘုရားပွဲတော်ကို ဘုရားဖူးလာရောက်တဲ့ ပြည်သူတွေ ကင်းမဲ့နေပါတယ်။

နှစ်စဉ် ဈေးဆိုင်များ ဇာတ်ပွဲများနဲ့ စည်ကားလွန်းတဲ့ မော်တင်စွန်းဘုရားပွဲတော်မှာ ဈေးဆိုင်ခန်းရယ်လို့ မရှိခဲ့သလို ဘယ်ဘုရားဖူးမှလဲ လာရောက်ခဲ့ခြင်းမရှိပါဘူး။

၂၀၂၀ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မော်တင်စွန်းဘုရားပွဲတော်ဟာ ကိုဗစ်ရောဂါကပ်ဆိုးကာလနဲ့ ကြုံတွေ့နေရချိန်မှာတောင် ဈေးဆိုင်ခန်းများ ရာနဲ့ချီပြီး ပါဝင်ခဲ့ပါတယ်။ ဧည့်ရိပ်သာများ ရာနဲ့ချီကာ တည်ဆောက်ပေးခဲ့ရပါတယ်။


ဓာတ်ပုံ – CJ

LEAVE A REPLY

Please enter your comment!
Please enter your name here