စစ်ကောင်စီက ခံဝန်ကတိထိုးပြီး လွှတ်ပေးမယ်ပြောသော်လည်း အိန္ဒြာကျော်ဇင် နဲ့  ပြေတီဦး ငြင်းဆို

145

အောက်တိုဘာ ၃ ၊ ၂၀၂၁နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရပြီး အချုပ်ကျနေတဲ့ သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအား စစ်ကောင်စီက ခံဝန်ကတိထိုးပါက လွှတ်ပေးမည်ပြောသော်လည်း ၎င်းတို့ဇနီးမောင်နှံမှ ငြင်းဆိုခဲ့ကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှ သိရသည်။

ကိုရဲမင်း (AAC) က “ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်မှာ သီတင်းသုံးနေတဲ့ ပိုင်တံခွန်ကိုးကွယ်ခဲ့တဲ့ နာမည်ကြီးဆရာတော်ကြီးတပါးက စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး အပြင်ရောက်ဖို့ကြိုးစားပေးခဲ့တာ ခံဝန်ကတိလက်မှတ်ထိုးပေးရင် ထုတ်ပေးမယ်ဆိုတာကို လက်မှတ်မထိုးခဲ့တဲ့ ဇနီးမောင်နှံပါ။ မှားပါတယ်။ နောက်မလုပ်တော့ပါဘူးဆိုပြီး ခံဝန်လက်မှတ်ထိုးပေးရင် လွှတ်ပေးမယ်လို့ စစ်ကောင်စီပြောပေမယ့် ၂ယောက်စလုံးက လက်မှတ်မထိုးဘဲ ထောင်ထဲမှာပဲ ဆက်နေမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ အတွင်းသတင်းတွေက သိရတယ်” ဟု ဆိုသည်။

ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအား စစ်ကောင်စီမှ ဧပြီလ ၉ ရက်နေ့တွင် ၎င်းတို့နေအိမ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်ထဲရောက်ရှိနေသည်မှာ ၆အတွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here