စစ်သားမရှိတော့ပဲ စစ်သည်အမျိုးသမီးများသာကျန်ရှိတော့တဲ့ စစ်ကောင်စီ၏ (၃၂၀) တပ်ရင်း

2759

၂၁-၄-၂၀၂၁

“ညနေ ဆို မိန်းမစစ်သားတွေ ထမင်းချိုင့် နဲ့ ဂိတ်လာလာစောင့်ကြတာ၊ ခု စစ်သားတွေအကုန်လုံးနီးပါးရှေ့တန်းပါသွားတယ်။ ဟိုးနေ့ (ဧပြီ-၁၂ ရက်နေ့) ကလဲ လက်နက်ကြီးတွေလဲ မပစ်တတ်ပဲ လျှောက်ပစ်နေတာ ထင်တယ်။ တခြားရွာထဲတင်မကဘူး.. ရဲစခန်း အိမ်ထဲကိုပါ တလုံးကျသွားတယ်။ စီဟက်ဘက်က တောရဘုန်းကြီးကျောင်းထဲ တလုံးကျသွားတယ်။

ဆရာတော် ခြေထောက်ပေါက်ထွက်သွားတယ်။ ခုမြို့သစ်စခန်းတခုလုံး ရဲတစ်ယောက်မှ မရှိတော့ဘူး။ ပို့လာတဲ့ စစ်ကူဆိုတဲ့ စစ်သား တွေလဲ အကုန် ရှေ့တန်းထဲမှာရောက်နေတယ်။ ရိက္ခာလဲ ပြတ်နေတယ် ကြားတယ်။ ထွက်မရ ဆုတ်မရ နဲ့ ကြားမှာ ညှပ်နေတာ။ စစ်သားတွေ အများကြီးပဲ သေတာ ၊ ခုလောက်ထိ သေတာ တခါမှ မကြားခဲ့ဖူးဘူး” ဟု အလော့ဘွမ်တောင်ကုန်း KIA နှင့် အကြမ်းဖက် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ အနီး က ဒေသခံတစ်ဦးက ခုလို ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

အထက်စစ်ခေါင်းဆောင်များမှ လူအလုံးအရင်းနှင့် စစ်ကူပို့လာသော်လည်း ရှေ့တန်းပို့လိုက် ၊ အစုလိုက် အပြုံလိုက်ကျလိုက် ၊ ကျည်ကုန်လိုက် ရိက္ခာပျက်လိုက်နှင့် ၊ စစ်ကူများမှာ စစ်ကြောမသိ ၊နယ်မြေမကျွမ်းကျင်သည်က တစ်ကြောင်း ၊ဗျုဟာမရှိပဲ ကျည်/ရိက္ခာဖြုန်းတီးကာ ရမ်းကာ လက်နက်ကြီးချ၊ ဗုံးကြဲ ဖြစ်သလိုထွက်တိုက်၍ အကျများနေကြောင်း သိရှိရပြီး ဆက်လက်၍ “ ပစ်တာ တညလုံးပဲ ။ ညနေဆို စပစ်ပြီ မိုးလင်းထိ ၊ ရွာထဲမှာဆက်နေနေတဲ့ လူတွေ အကုန် ကျင်းထဲ ပုန်းအိပ်ရတယ်။ ခု အဲ့ရွာတွေမှာ လူတောင်မကျန်တော့ဘူး။

မိန်းမနဲ့ ကလေးတွေ သက်ကြီးရွယ်အိုတွေ အကု န်ပြေးကြကုန်ပြီ” ဟု ပြောပြခဲ့ပြီး စစ်ပွဲနဲ့ နီးကပ်နေတဲ့ ရွာများမှ .. ကျန်ရှိဆဲဒေသခံများကတော့ နေ့ဆို အပြင်မထွက် ၊ အိမ်တံခါးပိတ် ၊၊ ညဆို တံခါး ပိတ်မီးမှိတ် ၊ အသံမထွက်ပဲ ပုန်းအိပ်ရကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ် ၏ လက်ရှိ အလော့ဘွမ်တောင်ကုန်းတိုက်ပွဲ အတွင်း စစ်ဘေးရှောင်ပြည်သူများ (၁၀၀၀) ဦးရေအထက်မှာရှိပြီး အကူအညီများလဲ လိုအပ်နေပါတယ်။

Original post – bhamoplatform

LEAVE A REPLY

Please enter your comment!
Please enter your name here