“ငါအုပ္ခ်ဳပ္တဲ့႐ြာ ေခြးေဟာင္ရင္ေခါင္းေထာင္မၾကည့္ရဲဘူး” ဆိုသူ ျမင္းၿခံကအုပ္ႀကီးတစ္ဦး ပစ္သတ္ခံရ

415

မႏၲေလးတိုင္း၊ ျမင္းၿခံခ႐ိုင္၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ တက္စီ႐ြာမွ စစ္ေကာင္စီခန္႔ အုပ္ႀကီး ဦးစိန္ထြန္းသည္ ယေန႔ မနက္ (၁၀) နာရီခန႔္က ေသနတ္ျဖင့္ ႏွစ္ခ်က္ အပစ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရသည္။ ဦးစိန္ထြန္းသည္ ခက္လန္း႐ြာႏွင့္ ဖက္ခူး႐ြာအၾကားတြင္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ၿပီး ဘယ္ဘက္ရင္အုံ တစ္ခ်က္၊ ဆီးခုံ တစ္ခ်က္က်ည္ထိမွန္ခဲ့၍ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း နယ္ေျမအေျခစိုက္သတင္းဌာနမ်ားမွ တဆင့္သိရသည္။

ဦးစိန္ထြန္းသည္ ၎တာဝန္ယူအုပ္ခ်ဳပ္ခဲ့ေသာ (၆) လအတြင္း အုပ္ခ်ဳပ္ခဲ့ေသာ႐ြာမွ ျပည္သူမ်ားကို ခရမ္းခ်ဥ္သီးကိုေတာင္ ရဲရဲ မနင္းရဲတဲ့ ႐ြာသားေတြပါဟု ေႂကြးေၾကာ္အုပ္ခ်ဳပ္ခဲ့သူျဖစ္ၿပီး၊ ၎၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္လည္း “ခပ္တုန္းတုန္းအုပ္ခ်ဳပ္ေရးမႉးေတြပဲ ေခ်ာင္းေျမာင္းအသတ္ခံရေတာ့မေပါ့၊ ဘယ္သူမသာအရင္ေပၚမလဲ သိခ်င္ရင္စမ္းၾကည့္ၾကပါ ….. ငါ့ရပ္၊ ငါအုပ္ခ်ဳပ္တဲ့႐ြာ ေခြးေဟာင္ရင္ေခါင္းေထာင္မၾကည့္ရဲဘူး” ဟုလည္း ေရးသားခဲ့ဖူးေၾကာင္းလည္း သိရသည္။

Unicode

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ တက်စီရွာမှ စစ်ကောင်စီခန့် အုပ်ကြီး ဦးစိန်ထွန်းသည် ယနေ့ မနက် (၁၀) နာရီခန့်က သေနတ်ဖြင့် နှစ်ချက် အပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ဦးစိန်ထွန်းသည် ခက်လန်းရွာနှင့် ဖက်ခူးရွာအကြားတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဘယ်ဘက်ရင်အုံ တစ်ချက်၊ ဆီးခုံ တစ်ချက်ကျည်ထိမှန်ခဲ့၍ သေဆုံးသွားခြင်းဖြစ်ကြောင်း နယ်မြေအခြေစိုက်သတင်းဌာနများမှ တဆင့်သိရသည်။

ဦးစိန်ထွန်းသည် ၎င်းတာဝန်ယူအုပ်ချုပ်ခဲ့သော (၆) လအတွင်း အုပ်ချုပ်ခဲ့သောရွာမှ ပြည်သူများကို ခရမ်းချဥ်သီးကိုတောင် ရဲရဲ မနင်းရဲတဲ့ ရွာသားတွေပါဟု ကြွေးကြော်အုပ်ချုပ်ခဲ့သူဖြစ်ပြီး၊ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်လည်း “ခပ်တုန်းတုန်းအုပ်ချုပ်ရေးမှူးတွေပဲ ချောင်းမြောင်းအသတ်ခံရတော့မပေါ့၊ ဘယ်သူမသာအရင်ပေါ်မလဲ သိချင်ရင်စမ်းကြည့်ကြပါ ….. ငါ့ရပ်၊ ငါအုပ်ချုပ်တဲ့ရွာ ခွေးဟောင်ရင်ခေါင်းထောင်မကြည့်ရဲဘူး” ဟုလည်း ရေးသားခဲ့ဖူးကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here