ဂုဏ်ယူစရာ‌လေးစားစရာကောင်းတဲ့ အမျိုးသမီး ပြန်လာရင် ပိုချစ်ကြရမယ်

212

နိုင်ငံကျော် အကယ်ဒမီ အနုပညာရှင် နှစ်ဦးဖြစ်တဲ့ ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ ၂ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆို ခံခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ကို မနေ့ညနေ ဗဟန်းမြို့နယ်ရှိ နေအိမ်မှာ ဖမ်းဆီးလိုက်ကြောင်း MRTV မီဒီယာမှ ထုတ်လွှင့်ကြေညာသွားပါတယ်

ဒီအမျိုးသမီးဟာ ဘဝမှာ ဘာမှမလိုချင်တော့အောင်ပြည့်စုံနေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့

မျိုးရိုးဂုဏ်သိမ် ပြည့်စုံကြွယ်ဝတဲ့အမျိုးသမီး ရုပ်ဆင်းအင်္ဂါမှာ ကုံလုံလှပတဲ့အမျိုးသမီး

အနုပညာ ၊ အတတ်ပညာမှာ အရည်အချင်းရှိတဲ့အမျိုးသမီးအရည်အချင်းရှိတဲ့အမျိုးသားကို ပေါင်းဖက်နိုင်တဲ့အမျိုးသမီး

ချမ်းသာကြွယ်ဝမှုမှာ လူတန်းစေ့နေနိုင်ပြီဖြစ်တဲ့အမျိုးသမီး

ပေါင်းသင်းဆက်ဆံရေးမှာ ကောင်းဂုဏ်သတင်းကျော်ဇောတဲ့အမျိုးသမီးအလွှာအသီးသီးက ချစ်ခင်အားကျခံရတဲ့အမျိုးသမီး

ဒီလိုအစစ အရာရာပြည့်စုံနေတဲ့အမျိုးသမီးက

ပြည်သူပေးတဲ့အားနဲ့.

ပြည်သူကျွေးတဲ့ထမင်းစားပြီး ရပ်တည်မှုရလာတဲ့သူမဟာ ပြည်သူအတွက် ရှေ့ထွက်လာခဲ့တယ် ။

သွေးဆိုတာ ရေထက်ပျစ်ပြီး မျိုးရိုးဆိုတာမတိမ်ကောကြောင်း ပြခဲ့တဲ့ ဒီအမျိုးသမီး

ဒီအမျိုးသမီးကို နှစ်ပေါင်း ၂၅ နှစ်ကျော်ကျော် အားပေးခဲ့ရတာ ဘယ်တုန်းကမှ နောင်တမရခဲ့ရဘူး ။

ရဲဘော်သုံးကျိပ် မျိုးဆက်ကွယ်ရဲရင့် ထက်မြက်တယ်

သူမအလှက မြင်သူငေးပြည်သူ့အချစ်တော် မင်းသမီးလေးဇာနည်သွေးလည်း ပြည့်ဝတယ်

ပြည်သူ့ဘက်က ရပ်တည်တယ် လေးစားလောက်ဖွယ် သူ့စိတ်ထား မြန်မာပြည်ရဲ့ ရတနာတစ်ပါး
မအူဝဲ တဲ့ဗျား

အရေးတော်ပုံအထိ ဂုဏ်ယူစရာကောင်းနေတဲ့ ဒီအမျိုးသမီးကိုပြန်လာရင်ပိုချစ်ရဦးမယ် ။

မင်းခြံထဲက မင်းပျိုးထားတဲ့ပန်းတွေပြောတယ် မင်းပြန်လာမှပွင့်မယ်တဲ့ အွဲ ရေ … ။

မွေးနေ့အမီ မင်းတိုက်ယူနေရတဲ့ ဒီမိုကရေစီနဲ့ပြန်လာနိုင်ပါစေ

LEAVE A REPLY

Please enter your comment!
Please enter your name here