ချမ်းမြေ့ဂုဏ်ရည် သီလရှင်စာသင်တိုက်မှာ သတင်းသုံးနေတဲ့ သီလရှင်ဆရာလေးတွေအတွက် လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

77

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ခန့်စည်သူကတော့ ဒီနေ့မှာလည်း သီလရှင်ဆရာလေးတွေအတွက် လိုအပ်တာတွေသွားရောက်လှူဒါန်းနေခဲ့ပါတယ်။ ခန့်စည်သူကတော့ ကပ်ဘေးကာလမှာ ဆွမ်းအခက်အခဲဖြစ်နေတဲ့ သံဃာတော်သီလရှင်ဆရာလေးတွေအတွက် ဆွမ်းနဲ့လိုအပ်တာတွေကို လှူဒါန်းပေးနေခဲ့ပါတယ်။

ဒီနေ့မှာလည်း ခန့်စည်သူက ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ကုန်းတလပေါင်း စံပြကျေးရွာ၊ချမ်းမြေ့ဂုဏ်ရည် သီလရှင်စာသင်တိုက်တွင် သီတင်းသုံးတော်မူနေကြသော သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ဆရာလေးများအား ဆွမ်းဆန်တော်၊ဆီ၊ပဲ၊ကြက်သွန်၊အာလူး၊ငါးပိ၊ငါးခြောက်၊ဆပ်ပြာ၊ဟင်းခတ်မှုန့်၊ငံပြာရည်၊ဟင်းသီးဟင်းရွက်၊အသီးအနှံများနှင့် အလှူတော်ငွေတို့ကို လှူဒါန်းပေးခဲ့ပါတယ်။

ဒီနေ့မှာပြုလုပ်ခဲ့တဲ့ လှူဒါန်းမှုအစုစုတို့ကိုလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေဖို့လည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေလည်း ခန့်စည်သူတို့ရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here