ချစ်မေမေနဲ့ အင်္ကျီဆင်တူလေးတွေ ဝတ်ကာ ပုံတိုင်း မထပ်ရအောင် ပို့စ်မျိုးစုံပေးနေတဲ့ ထရက်ရှာလေးရဲ့ အသည်းယားစရာ ပုံရိပ်လေးများ

154

စန္ဒီမြင့်လွင်ကတော့ သာယာတဲ့ မိသားစုဘဝလေးကို တည်ထောင်ထားပြီး အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်က အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့တဲ့ ကြားထဲကနေ သမီးလေး Treasureကိုလည်း သေချာဂရုစိုက် စောင့်ရှောက်ပေးတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

Treasureလေးကတော့ ဖေဖေ မေမေရဲ့ အသည်းနှလုံးလေးဖြစ်ပြီး ပြည့်ပြည့်စုံစုံနေရတဲ့ ကလေးလေးဖြစ်ပါတယ်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကလည်း တစ်ဦးတည်းသောသမီးလေးကို အချစ်တွေပုံပေးထားကြတာပါ ။ သူတို့ရဲ့ မိသားစု ပုံလေးတွေကိုလည်း ပရိသတ်တွေ အတွက် အမြဲဖော်ပြလေ့ရှိပါတယ် ။

အခုလည်း သားအမိနှစ်ယောက် အင်္ကျီလေးတွေ ဆင်တူ ဝတ်ဆင်ကာ အမှတ်တရ ရိုက်ထားတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ထရက်ရှာလေးက ပုံတိုင်း မထပ်ရအောင် အိုက်တင်တွေ မျိုးစုံပေးနေတာ တကယ်အသည်းယားစရာလေးပါပဲနော် ။ ပရိသတ်ကြီးအတွက် ထရက်ရှာတို့ သားအမိရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here