ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် ဇင်ဝိုင်းကို ပြန်လည် ဖမ်းဆီး

77

ဖမ်းဆီးစစ်ဆေး ခံခဲ့ရပြီးတဲ့နောက် ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ဖခင်ဖြစ်သူ သရုပ်ဆောင် ဇင်ဝိုင်းကို 6 ရက်နေ့  ညပိုင်းမှာ ပြန်လည်ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ သတင်းကြားသိရပါတယ်။

သရုပ်ဆောင် ဇင်ဝိုင်းကို ရပ်ကွက်အတွင်း မူးရူးအော်ဟစ်ခြင်း ဒေသခံကာကွယ်ရေးတပ်ထဲရောက်နေတဲ့ သားဖြစ်သူ PDF အဖွဲ့ဝင် မင်းမော်ကွန်းနဲ့ ဆက်သွယ်ခြင်း အမျိုးသားညီညွတ်ရေးအစိုး ရ NUG ကိုလျှို့ဝှက်ထောက်ပံ့ခြင်း စတာတွေကို လုပ်ဆောင်နေတယ်ဆိုပြီး ပြန်လည်ဖမ်းဆီး လိုက်တာလို့ ကနဦးအဖြစ် သိရှိထားရပါတယ်။သရုပ်ဆောင် ဇင်ဝိုင်းဟာ ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီအချိန်မှာ ပြန်လည် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာလို့ သိရပါတယ်။

ယခုဖမ်းဆီး ထိန်းသိမ်းရာတွင် ခံဝန်ဖြင့် ပြန်လွှတ်စဉ်ကပါရှိသော ရပ်ကွက်တွင်း မူးရူးအော်ဟစ်ခြင်း စွဲချက်ပြန်လည် ပါဝင်လာသဖြင့်အဆိုပါဖြစ်စဉ်ကို ပရိသတ်များ ပြန်ပြောင်း သိရှိနိုင်စေရန်အတွက် ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဦးဇင်ဝိုင်းကတော့ တစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်ပွဲတွေစတင်တဲ့အချိန်ကစလို့ ယနေ့အချိန်အထိ တိုင်အောင် ရဲရဲဝင့်ဝင့် အရှေ့ထွက်ခဲ့တဲ့ဟသူတစ်ဦး ဖြစ်ပါတယ်။

ဦးဇင်ဝိုင်းက အနုပညာလောကသားတွေကို ရှေ့ဆုံးကနေဦးဆောင်ပြီး ရန်ကုန်မြို့အနှံ့သွားရင်း လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။သားဖြစ်တဲ့ မင်းမော်ကွန်းက အိမ်မှာနေဖို့ တားတာတောင် ဦးဇင်ဝိုင်းက တစ်ရက်မှမနားဘဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်ဦးဇင်ဝိုင်းကတော့ ဖေဖော် ဝါရီလ ၁ ရက်နေ့ကတည်း က အစပြုခဲ့တဲ့ တော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ပြီးလူထုလှုပ်ရှားမှုတွေကိုအင်တိုက်အားတိုက် ပြုလုပ်ခဲ့သူပဲ ဖြစ်ပါတယ်။

၈၈ အရေးတော်ပုံကြီးမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့သလို လက်ရှိအခြေအနေတွေမှာလည်း လူငယ်တွေနဲ့အတူ ခိုင်မာပြတ်သားစွာ ပါဝင်ခဲ့တဲ့ဦးဇင်ဝိုင်းကတော့ ပြီးခဲ့တဲ့ ဧပြီ လ ၁၅ ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရကာဇွန် လ ၇ ရက်နေ့မှာပဲ ပြန်လည် လွတ်မြောက်လာခဲ့ကာ ယနေ့ညမှာ ပြန်လည်ဖမ်းဆီးခံ လိုက်ရတာပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here