ခင်ပွန်းဖြစ်သူကွယ်လွန်သွားတာ (၂)နှစ်ကျော်သွားပေမယ့်လည်း တစ်ရက်မှမေ့မရတဲ့အကြောင်းရင်ဖွင့်လာတဲ့ ဝါဝါဝင်းရွှေ

143

ပရိသတ်ကြီးရေ ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ အခုထက်ထိ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားဆဲပါပဲနော်။ အနုပညာအမွေတွေကိုလည်း သူမရဲ့မြေးမလေးတွေကို ပေးထားခဲ့တာ ဖြစ်ပါ တယ်နော်။ အခုမှာလည်း ကွယ်လွန်သွားတာ ၂ နှစ်နဲ့ ၂ လပြည့်သွားတဲ့ ခင်ပွန်းကို အရမ်းသတိရနေကြောင်း ရင်ဖွင့်လာခဲ့ပြန်ပါပြီနော်။

” လွမ်းရတဲ့ည ​​ပေါင်း ၂ နှစ် နဲ့ ၂ လ ကို​ကျော်ဖြတ်ခဲ့ရပါပြီ ဒယ်ဒီ ​ရေ အ​မှောင် ည ကို​ရောက်မှာ​ကြောက်ပါတယ်လမိုက်ညတစ်ညမှာ တို့ကိုထားပြီး အ​ဝေး ကို ထွက်ခွာသွားခဲ့တယ်ဒယ်ဒီကို ပြုစုချင်ပါ​သေးတယ်။ ဒါ​ပေမဲ့ ဒယ်ဒီက​တော့ မြင့်မြတ်တဲ့ဘဝတစ်ခု မှာလွတ်လပ်​ပေါ့ပါးစွာ ​ရောက်​နေပြီမို့​ကျေနပ်မိရပြန်ပါတယ်။

နှစ်စဉ် လစဉ် ​နေ့စဉ် နေ့တိုင်းပြုလုပ်ခဲ့ ပြုလုပ်ဆဲ ကုသိုလ်​တွေကိုဒယ်သာဓု ​ခေါ်​နေမှာပါ။ တို့က​တော့ ဆက်၍ဆက်ခါ လွမ်းရတဲ့ည​ပေါင်းများစွာကို​ကျော်ဖြတ်ရအုံးမှာပါ​လေ ” လို့ ရေးထားပါတယ် ပရိသတ်ကြီးရေ။

LEAVE A REPLY

Please enter your comment!
Please enter your name here