ကြယ္လြန္သြားၿပီျဖစ္တဲ့ သူငယ္ခ်င္းျဖစ္သူေရမြန္ရဲ႕အ႐ိုးျပာထည့္သြင္းၿပီးသစ္ပင္စိုက္ပ်ိဳးခဲ့တဲ့ ႏိုဗန္ထူး Videoဖိုင္

293

စစ္အာဏာရွင္ စနစ္ကို ေတာ္လွန္ေနၾကတဲ့ အခ်ိန္ကာလအတြင္းမွာပဲ အဆိုေတာ္ ေရမြန္ဟာ ျပည္သူေတြဘက္ကေန ရပ္တည္ေပးရင္း ႐ုတ္တရက္ ႏႈတ္ဆက္ထြက္ခြာသြားခဲ့တာေၾကာင့္ အႏုပညာေမာင္ႏုမေတြအျပင္ ပရိသတ္ေတြကပါ ဝမ္းနည္းေၾကကြဲ ျဖစ္ခဲ့ရပါတယ္။ ေရမြန္ရဲ႕စ်ာပနပြဲကိုေတာ့ ႏိုင္ငံေရးအေျခအေနေၾကာင့္ ေနာက္ဆုံး ေခါင္းခ်ခဲ့တဲ့ လြတ္ေျမာက္နယ္ေျမမွာပဲ က်င္းပျပဳလုပ္ခဲ့ၿပီး မိသားစုဝင္မ်ား၊ အႏုပညာေမာင္ႏုမေတြတခ်ိဳ႕နဲ႔ ခ်စ္တဲ့ပရိသတ္ေတြက လိုက္ပါပို႔ေဆာင္ေပးၾကတာ ေတြ႕ရပါတယ္။

ဒါ့အျပင္ ဇြန္လ(၂၆)ရက္ေန႔မွာေတာ့ ေရမြန္ကို သတိတရျဖစ္ေအာင္နဲ႔ ကမာၻေျမကိုလည္း အက်ိဳးျပဳေစဖို႔အတြက္ Raymond Tree ဆိုတဲ့ သစ္ပင္စိုက္ ကမ္ပိန္းေလးကို အႏုပညာညီအစ္ကို တစ္ေယာက္ျဖစ္တဲ့ အဆိုေတာ္ ႏိုဗန္ထူးက လြတ္ေျမာက္နယ္ေျမမွာပဲ သစ္ပင္အခ်ိဳ႕ကို စိုက္ပ်ိဳးခဲ့တယ္လို႔ သိရပါတယ္။ အဆိုေတာ္ ႏိုဗန္ထူး စိုက္ခဲ့တဲ့ သစ္ပင္ေလးေတြထဲမွာေတာ့ ေရမြန္ရဲ႕ ေနာက္ဆုံး အ႐ိုးျပာအခ်ိဳ႕ကိုလည္း ထည့္သြင္းစိုက္ပ်ိဳးခဲ့တာ ျဖစ္ပါတယ္။

ေရမြန္ကို သတိရျခင္း အထိမ္းအမွတ္အျဖစ္ ကမာၻေျမကို အ က်ိဳးျပဳေစတဲ့ သစ္ပင္ေတြကို ကိုယ္စီ စိုက္ပ်ိဳးၾကဖို႔ New Raymond Tree ဆိုတဲ့ သစ္ပင္စိုက္ ကမ္ပိန္းေလးကို ေရမြန္နဲ႔ ညီအစ္ကိုလို႔ ခင္မင္ရင္းႏွီးခဲ့တဲ့ အဆိုေတာ္ ႏိုဗန္ထူးက စတင္ခဲ့ပါတယ္။

ဒီကမ္ပိန္းေလး စတင္မႈအျဖစ္ သစ္ပင္အခ်ိဳ႕ကို ႏိုဗန္းထူးကစိုက္ပ်ိဳးခဲ့ၿပီး ဒီသစ္ပင္ေလးေတြမွာေတာ့ ေရမြန္ရဲ႕ အ႐ိုးျပာအခ်ိဳ႕ကို ထည့္သြင္း စိုက္ပ်ိဳးခဲ့ပါတယ္ ေရမြန္(ခ)တြတ္ပီကို သတိရေသာ အားျဖင့္ ပရိသတ္ႀကီးလဲ သစ္ပင္စိုက္ ကမ္ပိန္းေလးမွာ ပါဝင္ရင္း ကိုယ္တိုင္စိုက္တဲ့ သစ္ပင္ေလးနဲ႔ ဓာတ္ပုံ႐ိုက္ၿပီး #RaymondTree ေလးနဲ႔အတူ ကမာၻေျမကို အလွဆင္လို႔ရပါတယ္ေနာ္။

ဒီ RaymondTree ကမ္ပိန္းေလးမွာလည္း အတူပါဝင္ျပဳလုပ္ေပးၾကဖို႔ကိုလည္း အဆိုေတာ္ ႏိုဗန္ထူးက ပရိသတ္ေတြကို ဖိတ္ေခၚထားတာ ေတြ႕ရပါတယ္။ သူ႔ရဲ႕ လူမႈကြန္ယက္မွာေတာ့ “ခင္မ်ားတို႔ ခ်စ္တဲ့ မည္သူမဆို ေသဆုံးသြားတဲ့အခါ အပင္ေလးေတြစိုက္ၿပီး အစားထိုးတဲ့ အေလ့အက်င့္ေလးေတြ ရွိေစခ်င္တာပါ…..အားလုံးပါဝင္ေပးဖို႔ ဖိတ္ေခၚပါတယ္…

RaymondTree နဲ႔ အပင္ပုံေလးေတြ တြဲတင္ေပးပါေနာ္…” ဆိုၿပီး ေရးသားထားခဲ့ပါတယ္။ ကဲ… ပရိသတ္ႀကီးေရ ေရမြန္ကို သတိရေသာအားျဖင့္ ဒီသစ္ပင္စိုက္ကမ္ပိန္းေလးမွာပါဝင္ရင္း ကမာၻေျမကို အလွဆင္ၾကပါလို႔ ေမတၱာရပ္ခံလိုက္ပါတယ္။

ယခုလို ၿပီးဆုံးေအာင္ ဖတ္ေပးၾကတဲ့ စာဖတ္သူ ပရိသတ္အ ေပါင္း ကိုယ္စိတ္ႏွစ္ျဖာ က်န္မာခ်မ္းသာၾကပါေစခင္ဗ်ာ။

Unicode

စစ်အာဏာရှင် စနစ်ကို တော်လှန်နေကြတဲ့ အချိန်ကာလအတွင်းမှာပဲ အဆိုတော် ရေမွန်ဟာ ပြည်သူတွေဘက်ကနေ ရပ်တည်ပေးရင်း ရုတ်တရက် နှုတ်ဆက်ထွက်ခွာသွားခဲ့တာကြောင့် အနုပညာမောင်နုမတွေအပြင် ပရိသတ်တွေကပါ ဝမ်းနည်းကြေကွဲ ဖြစ်ခဲ့ရပါတယ်။ ရေမွန်ရဲ့ဈာပနပွဲကိုတော့ နိုင်ငံရေးအခြေအနေကြောင့် နောက်ဆုံး ခေါင်းချခဲ့တဲ့ လွတ်မြောက်နယ်မြေမှာပဲ ကျင်းပပြုလုပ်ခဲ့ပြီး မိသားစုဝင်များ၊ အနုပညာမောင်နုမတွေတချို့နဲ့ ချစ်တဲ့ပရိသတ်တွေက လိုက်ပါပို့ဆောင်ပေးကြတာ တွေ့ရပါတယ်။

ဒါ့အပြင် ဇွန်လ(၂၆)ရက်နေ့မှာတော့ ရေမွန်ကို သတိတရဖြစ်အောင်နဲ့ ကမ္ဘာမြေကိုလည်း အကျိုးပြုစေဖို့အတွက် Raymond Tree ဆိုတဲ့ သစ်ပင်စိုက် ကမ်ပိန်းလေးကို အနုပညာညီအစ်ကို တစ်ယောက်ဖြစ်တဲ့ အဆိုတော် နိုဗန်ထူးက လွတ်မြောက်နယ်မြေမှာပဲ သစ်ပင်အချို့ကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ အဆိုတော် နိုဗန်ထူး စိုက်ခဲ့တဲ့ သစ်ပင်လေးတွေထဲမှာတော့ ရေမွန်ရဲ့ နောက်ဆုံး အရိုးပြာအချို့ကိုလည်း ထည့်သွင်းစိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။

ရေမွန်ကို သတိရခြင်း အထိမ်းအမှတ်အဖြစ် ကမ္ဘာမြေကို အ ကျိုးပြုစေတဲ့ သစ်ပင်တွေကို ကိုယ်စီ စိုက်ပျိုးကြဖို့ New Raymond Tree ဆိုတဲ့ သစ်ပင်စိုက် ကမ်ပိန်းလေးကို ရေမွန်နဲ့ ညီအစ်ကိုလို့ ခင်မင်ရင်းနှီးခဲ့တဲ့ အဆိုတော် နိုဗန်ထူးက စတင်ခဲ့ပါတယ်။

ဒီကမ်ပိန်းလေး စတင်မှုအဖြစ် သစ်ပင်အချို့ကို နိုဗန်းထူးကစိုက်ပျိုးခဲ့ပြီး ဒီသစ်ပင်လေးတွေမှာတော့ ရေမွန်ရဲ့ အရိုးပြာအချို့ကို ထည့်သွင်း စိုက်ပျိုးခဲ့ပါတယ် ရေမွန်(ခ)တွတ်ပီကို သတိရသော အားဖြင့် ပရိသတ်ကြီးလဲ သစ်ပင်စိုက် ကမ်ပိန်းလေးမှာ ပါဝင်ရင်း ကိုယ်တိုင်စိုက်တဲ့ သစ်ပင်လေးနဲ့ ဓာတ်ပုံရိုက်ပြီး #RaymondTree လေးနဲ့အတူ ကမ္ဘာမြေကို အလှဆင်လို့ရပါတယ်နော်။

ဒီ RaymondTree ကမ်ပိန်းလေးမှာလည်း အတူပါဝင်ပြုလုပ်ပေးကြဖို့ကိုလည်း အဆိုတော် နိုဗန်ထူးက ပရိသတ်တွေကို ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်မှာတော့ “ခင်များတို့ ချစ်တဲ့ မည်သူမဆို သေဆုံးသွားတဲ့အခါ အပင်လေးတွေစိုက်ပြီး အစားထိုးတဲ့ အလေ့အကျင့်လေးတွေ ရှိစေချင်တာပါ…..အားလုံးပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်…

RaymondTree နဲ့ အပင်ပုံလေးတွေ တွဲတင်ပေးပါနော်…” ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ကဲ… ပရိသတ်ကြီးရေ ရေမွန်ကို သတိရသောအားဖြင့် ဒီသစ်ပင်စိုက်ကမ်ပိန်းလေးမှာပါဝင်ရင်း ကမ္ဘာမြေကို အလှဆင်ကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

ယခုလို ပြီးဆုံးအောင် ဖတ်ပေးကြတဲ့ စာဖတ်သူ ပရိသတ်အ ပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာချမ်းသာကြပါစေခင်ဗျာ။

LEAVE A REPLY

Please enter your comment!
Please enter your name here