ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးမှာ ကောင်းမှု ကုသိုလ်များစွာ ပြုလုပ်ရင်း (၇) ရက်သားသမီး ပြည်သူများ အတွက် မေတ္တာပို့ ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့တဲ့ ရွှေပိုးအိမ်

138

ရွှေပိုးအိမ်ကတော့ အနုပညာနယ်ပယ်ထဲကို ဟိုးအရင်ကတည်းက ဝင်ရောက်လာခဲ့ပြီး ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးလေးဖြစ်ပါတယ်။သူမက တော့ ဇာတ်ကားများစွာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်ပြီး ဇာတ်ရုပ်အမျိုးမျိုးနဲ့ ကြည့်ရှုသူ ပရိသတ်တွေကို ဇာတ်ကားအဆုံးထိ မျောပါသွားအောင် ဆွဲခေါ်သွားနိုင်တဲ့ Acting ကောင်းတဲ့ မင်းသမီးဖြစ်ပါတယ်။

ဒါ့အပြင် ကောင်းမှု ကုသိုလ်နဲ့ အလှူအတန်းတွေကိုလည်း အမြဲ ပြုလုပ်လေ့ရှိရာ အခုလည်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကို သွားရောက်ဖူးမြှော်ရင်း (၇) ရက်သားသမီး ပြည်သူများအတွက် ဆုတောင်းပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ် ။ ” ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကို သွားရောက်ဖူးမြှော်ရင်း အားလုံးကိုယ်စား ဆုတောင်းပေးခဲ့ပါတယ်ရှင် မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေ ( ၇)ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ Covid 19 ရောဂါဆိုးကြီးမှ လွတ်မြောက်ကြပါစေ စီးပွါးတွေ ဒီရေအလားတိုးတက်ကြပါစေ ” ရေးသားထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here