ကျိုက်ထီးရိုးဘုရားပွဲတော် သီတင်းကျွတ်လပြည့်နေ့ကစပြီး ၇ လတိုင် ကျင်းပမည်

71

အောက်တိုဘာ ၁၄ကျိုက်ထီးရိုး စေတီတော်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လပြည့်နေ့ကစပြီး ၇ လတိုင် ကျင်းပသွားမယ်လို စေတီတော်ဂေါပကအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လပြည်နေ့ အောက်တိုဘာ ၂၀ ရက်မှ ၂၀၂၂ခုနှစ် မေလ ၁၄ ရက်အထိ (၇) လတိုင်တိုင်ကျင်းပသွားမှာ ဖြစ်တယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှကြေညာထားတာ ဖြစ်ပါတယ်။

အဆိုပါကျိုက်ထီးရိုးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်ကြီးအားကျိုက်ထီးရိုးရင်ပြင်တော်ပေါ်တွင် ကိုဗစ် ၁၉ စည်ကမ်းချက်များနှင့်အညီ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here