ကျန်းမာရေးမကောင်းတဲ့ မိခင်ဖြစ်သူကို ကိုယ်ဖိရင်ဖိ အနီးကပ်ပြုစုစောင့်ရှောက်နေရတဲ့ မိုးဟေကို

115

မိုးလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို မိဘအပေါ်မှာလည်း သိတတ်ရိုသေသူပဲ ဖြစ်ပါတယ်..။

မိုးဟေကိုကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေပေမယ့် ကျန်းမာရေးမကောင်းဖြစ်တဲ့ မိခင်ဖြစ်သူအတွက်လည်း စိတ်ထိခိုက်ပင်ပန်းနေတာ တွေ့ရပါတယ်..။

မိုးရဲ့ မိခင်ဖြစ်သူကတော့ လတ်တလောမှာ ကျန်းမာရေးကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပြီး မိုးကိုယ်တိုင် ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်..။

မိုးဟေကိုကတော့ မိခင်ဖြစ်သူအတွက် ဆုတောင်းပေးရင်း လက်ရှိအခြေအနေတွေကိုလည်း ပရိသတ်တွေကို အသိပေးဝေမျှထားတာ ဖြစ်ပါတယ်..။

“Get Well Soon” ဆိုပြီး မိခင်ဖြစ်သူ အမြန်ဆုံး နေကောင်းကျန်းမာစေဖို့ ဆုတောင်းပေးထားတာဖြစ်ပြီး ပရိသတ်တွေကလည်း မိုးရဲ့မိခင်အတွက် မိုးနဲ့အတူဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

မိခင်ကြီးအတွက် သားသမီးကောင်းတစ်ယောက်အနေနဲ့ ကိုယ်တိုင်အပင်ပန်းခံကာ ကိုယ်ဖိရင်ဖိအသေးစိတ်ပြုစုစောင့်ရှောက်နေတဲ့ မိုးကိုတော့ အားလုံးက ချီးကျူးအားပေးနေကြတာလည်း ဖြစ်ပါတယ်..။

အားလုံးသိစေချင်လို့ တချို့ကလဲ အထင်မြင်လွဲနေကြတဲ့သူတွေရှိနေလို့ အမှန်တကယ်ဖြစ်နေတာလေးကို ကိုယ်ကိုယ်တိုင် မနေ့က ဆေးရုံရောက်သွားတော့မှ အန်တီ့ရဲ့ ခြေနေကို တွေ့လိုက်ရမှဘဲ ငါဆိုရင်ရော ဆိုတဲ့ အတွေးလေး ဝင်လာပြီး မိုးအတွက် အခုလိုလေး ကိုယ်ချင်းစာနားလည်ပြီး အားလုံးအမြင်လေးရှင်းစေချင်လို့ပါ။

အန်တီကဒီလို ကုတင်ပေါ်မှာဘဲ နေပြီး နိုင်ငံခြားမှာသွားသွားကုနေရတာတော့ ကြာပြီပေါ့နော်ဒါပေမယ့်တကယ်အရေးပေါ် ခြေနေလူစောင့်ကြည့်နေရတဲ့အနေအထားစပြီးဖြစ်တာကတော့ january, 2021 ကထဲကပါ ။

ဒါ့ကြောင့်အဲ့ဒီလတွေရက်တွေကထဲက မိုးကအနုပညာအလုပ်တွေဆိုရင်တောင်နယ်ကိုရက်ရှည်ခရီးထွက်ရမည့်အလုပ်ဆိုရင် တောင်မလုပ်နိုင်တော့ဘဲအန်တီ့အနားမှာဘဲအမြဲ စောင့်ကြည့်နေရတယ် ညဘက်ဆိုလဲမိခင်ဖြစ်သူကနာကျင်ကိုက်ကဲနေတော့ ညီးတွားသံ ကြားရပြန်တော့လဲမိုးလဲ ဘယ်အိပ်ပျော်မလဲ။

နိုင်ငံခြားမှာ သွားကုနေကြကိုကိုဗစ် ဖြစ်တော့ ပြည်ပထွက်ခွင့်မရပြန်တော့ ထွက်မကုရပြန်ဘူးထွက်လို့ ရပြန်တော့လဲ အန်တီက နေရာအရွေ့အပြောင်းလေးတောင်မခံနိုင်အောင်နာကျင်စွာခံစားနေရတော့ သွားလို့မရတော့ပြန်။

မိုးအနေနဲ့အပြင်ထွက်ပြန်ရင်လဲ ကိုဗစ်ရောဂါသူ့ကိုကူးလာရင် အမေ့နားမှာ အမြဲနေရသူ ကိုယ်တိုင်ပြုစုနေရသူဆိုတော့ အမေ့ကို ပြန်ကူးမှာကြောက်နေရပြန်ရောအခု နိုင်ငံရေးမှာလဲသူကိုယ်တိုင်ပထမပိုင်းမှာ ပြည်သူနဲ့အတူရပ်တည်ပြီး ပါဝင်ခဲ့ပါတယ်တတ်အားသရွေ့လဲ speak out လုပ်ပေးခဲ့တာတွေရှိပါတယ်။

နောက်ပိုင်း ဘာလို့မလုပ်တာလဲလို့ ပြောရရင်တော့ ၅၀၅ ပြသနာပေါ့ မိုးသာ ၅၀၅အထုတ်ခံရရင် ဝရမ်းထုတ်လိုက်ပြီ ဆိုတာနဲ့ ပြေးရပြီလေအာ့ဆို ဒီအမေကြီးကိုဘယ်သူပြုစုမှာလဲ သူကိုယ်တိုင်ပိုက်ဆံရှာသူကိုယ်တိုင်ပြုစုနေရသူ ။

သူသာဝရမ်းကိုရှောင်နေရပြီဆို ကျောက်ကပ် ခဏခဏ ဆေးနေရပြီး ဆေးရုံပေါ် ၃လကြာအခုချိန်ထိလဲ ဆေးရုံ ၂ ခုပြောင်းနေရတဲ့ လူမမာ မိခင် အတွက်ဘယ်သူပိုက်ဆံရှာပေးမလဲဘယ်သူစီစဉ် ညွှန်ကြားမလဲကုန်လိုက်တဲ့ ဆေးဖိုးတွေကလဲ မနည်းလှတော့ဘူးလေ ဒီပိုက်ဆံတွေအတွက်ဒီလိုကာလမှာမိုးကိုယ်တိုင် စီစဉ်လှုပ်ရှားနေရတာပါ။

ကျွန်မလဲ ယော်ကျားမရှိတဲ့အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်လို့ ကျွန်မသူ့နေရာကနေ အိမ်ထောင်စုမိသားစု တစ်ခုလုံးအပြင်လူမမာ မိခင်ကြီးအတွက်ရုန်းကန်လှုပ်ရှားပြီးမိခင်အတွက်အားလုံးကို မျကိစိစုံမှိတ်ပြီး နေနေရတာပါပြည်သူအတွက် ကွယ်ရာ မှာအံကြိတ် မချိတင်ကဲ ဖြစ်နေရပေမယ့်လဲသူမရှိရင်သူ့မိခင်အတွက်အဆင်မပြေမှာစိုးလို့ သူ့ခမျာပရိသတ်တချို့ရဲ့ အထင်မြင်လွဲခြင်းကိုခံနေရတာပါအားလုံးကို နားလည်ခွင့်လွှတ်ပေးကြပါနားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်မိုးကိုယ်တိုင်ကလဲ ပြည်သူနဲ့ တသားတည်း ရှိပါကြောင်း အထင်မြင်မလွဲပါနဲ့လို့ တင်ပြအပ်ပါတယ်

LEAVE A REPLY

Please enter your comment!
Please enter your name here