ကျည်ကာ နဲ့ ဒိုင်းအချပ်ပေါင်း များစွာကို လိုအပ်နေတဲ့ ရှေ့တန်း ဒိုင်းကာ အဖွဲ့များသို့ အဓိကထား လှူဒါန်းခဲ့တဲ့ GAME STREAMER GU GU

459

Game Streamer တစ်ယောက်ဖြစ်တဲ့ ဂူဂူး လေးက ဆန္ဒပြ ပြည်သူတွေကို လိုအပ်တဲ့ပစ္စည်းများကို ပါဝင်ကူညီ အားဖြည့်လှူဒါန်းပေးနေတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

သူဟာ game stream နေတဲ့အချိန်မှာ ဟာသလေးတွေလည်းပြောပြီး ဂိမ်းဆော့တဲ့ skill ကလည်း လုံးဝမိုက်ပါတယ်။ သူဟာ အမှန်တရားဘက်က ရပ်တည်ပြီး ပြည်သူလူထုဘက်ကို ရပ်တည်နေတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

သူ့ရဲ့ fan တွေကတော့ ဂူးစိန် လို့ ချစ်စနိုးနဲ့ ခေါ်ပါတယ်။ သူဟာ ဆန္ဒထုတ်ဖော်ရာမှာ အရေးကြီးဆုံးဖြစ်တဲ့ ပြည်သူတွေကို ကာကွယ်ပေးကြတဲ့ ရှေ့ဆုံးနေ ဒိုင်းကာသမားများကို အဓိကထား လှူဒါန်းပေးနေတာပါ။

သူလှူတဲ့ ပစ္စည်းလေးတွေကတော့ Rubber Bullet ကျည်ကာ -၂၀ ၊ ဒိုင်း အချပ် – ၄၀ များကို လှူဒါန်းခဲ့ပြီး နောက်နေ့တွေမှာ ထပ်မံပြီး လှူဒါန်းသွားမှာတွေကတော့ ၊ အောက်စီဂျင်ဗူး ၊ မီးသတ်ဆေးဗူး ၊

မျက်မှန် ၊ Smoke ၊ Gas mask နဲ့ ဆောက်လုပ်ရေးသုံး Vest တွေကို ထပ်ထုတ်ပေးသွားမယ်လို့ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ အသိပေးလာခဲ့ပါတယ်။ ဂူးစိန်လေးက ဂိမ်းဆော့တာလည်း အရမ်းတော်သလို စိတ်ထားလေးကလည်း မွန်မြတ်လှပါတယ်။

ဒါ့အပြင် ဂူးစိန်လေးက သူအပါအဝင် စေတနာ အလှူရှင်များနဲ့ ပရိသတ်ကြီးများလည်း ပါဝင်ကုသိုလ်ယူနိုင်အောင်လည်း ဖိတ်ခေါ်ထားပါတယ်။ နည်းနည်း များများ ပါဝင်လှူဒါန်း လိုပါက Wave Money – 09797379989 /

KBZPAY- 09797379989 တို့ကို လွှဲလို့ရကြောင်း နောက်ပြီး အလှူရှင် နာမည် ဖော်ပြချင်တာကြောင့် သူ့ရဲ့ Page messenger မှာ screenshot လေး လာပို့ပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

ဂူးစိန်လေး ဒီထက်မက လှူဒါန်းနိုင်ပြီး ဘေးကင်းဖို့ကိုလည်း ဆုတောင်းပေးလိုက်ပါတယ်။ အရေးတော်ပုံ အောင်ရမည်။ မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေ။ ပြည်သူလူထုနဲ့ သူရဲကောင်ူမျာူအား အစဉ်လေးစားလျက်

LEAVE A REPLY

Please enter your comment!
Please enter your name here