က်ဆံုးသြားတဲ့ သူရဲေကာင္း ေမာင္ဇင္လင္းထက္ရဲ႕ မိသားစု အ တြက္ တဲအိမ္ ေလးကေန တိုက္အိမ္ ကေလးျဖစ္ ေျမာက္ေအာင္ ေဆာက္လုပ္ ေပးေနၾကတဲ့ ေစတ နာရွင္မ်ား

190

လက္ရွိ ျဖစ္ေပၚေနတဲ့ ေႏြဦးေတာ္လွန္ေရးကေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ကတည္းက စတင္ခဲ့ၿပီး ေဖေဖာ္ဝါရီ ၈ ရက္ေန႔မွာ က်ဆုံးသူရဲေကာင္းေတြ ရွိခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေန႔ကေန စတင္ၿပီး ဒီေန႔အခ်ိန္ထိ က်ဆုံးသူဦးေရ အေယာက္ ၈၀၀ ေက်ာ္ခဲ့တာေၾကာင့္

တခ်ိဳ႕အိမ္ေတြမွာ မိသားစုဝင္ မစုံလင္ေတာ့တာ ျဖစ္ပါတယ္။ တခ်ိဳ႕ လူငယ္ေလးေတြဆိုရင္ မိသားစုက မျပည့္စုံတာေတာင္ လူထု လႈပ္ရွားမႈေတြမွာ ေရွ႕ဆုံးကေန ရဲရဲရင့္ရင့္ ပါဝင္ အားျဖည့္ေပးၾကတာ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ၂၈ ရက္ေန႔မွာ သူရဲေကာင္းေလး ေမာင္ဇင္လင္းထက္က

လွည္းတန္းက လူထု လႈပ္ရွားမႈမွာပါဝင္ရင္းဦးေခါင္းကို က်ည္ထိခဲ့လို႔ က်ဆုံးသြားတာ ျဖစ္ပါတယ္။ ေမာင္ဇင္လင္းထက္ ရဲ႕ မိသားစုက က်ိဳက္ထိုၿမိဳ႕မွာ ေနထိုင္ၾကၿပီး လက္လုပ္ လက္စား ျပည္သူေတြ ျဖစ္ၾကပါတယ္။ က်န္ရစ္သူ မိသားစုေတြခမ်ာ အားကိုးရတဲ့ သားေလးကို

အၿပီးတိုင္ ဆုံးရႈံးလိုက္ရလို႔ ဝမ္းနည္း နာက်င္ေနၾကတာ ျဖစ္ပါတယ္။ ျပည္သူလူထုကေတာ့ ေမာင္ဇင္လင္းထက္ ရဲ႕ က်န္ရစ္သူ မိသားစုကို တတ္ႏိုင္သေလာက္ ကူညီေပးၾကတာ ျဖစ္ပါတယ္။ အခုဆိုရင္လည္း ျပည္သူတစ္ဦးက ေမာင္ဇင္လင္းထက္ အတြက္

အလႉေငြ ေကာက္ခံထားတဲ့ ေငြေတြအားလုံးနဲ႔ က်န္ရစ္သူ မိသားစုကို အိမ္ေလးတစ္လုံး ၿပီးစီးေအာင္ ေဆာက္လုပ္ေပးေနတာ ျဖစ္ပါတယ္။ အခုလိုမ်ိဳး က်ဆုံး သူရဲေကာင္းေတြရဲ႕ က်န္ရစ္သူ မိသားစုကို ကိုယ္ခ်င္းစာၿပီး ကူညီ လႉဒါန္းၾကတဲ့ အလႉရွင္ေတြရဲ႕ စိတ္ဓာတ္က အရမ္း ေလးစားဖို႔ ေကာင္းပါတယ္။

သူရဲေကာင္းရဲ႕က်န္ရစ္သူမိသားစုအတြက္ အလႉရွင္ေတြအကုန္လုံးဝိုင္းဝန္းၿပီးေဆာက္လုပ္ေပးေနတဲ့အိမ္ေလးက မၾကာခင္ၿပီးစီးေတာ့မယ့္ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Unicode

 

လက်ရှိ ဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက စတင်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကျဆုံးသူရဲကောင်းတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနေ့ကနေ စတင်ပြီး ဒီနေ့အချိန်ထိ ကျဆုံးသူဦးရေ အယောက် ၈၀၀ ကျော်ခဲ့တာကြောင့်

တချို့အိမ်တွေမှာ မိသားစုဝင် မစုံလင်တော့တာ ဖြစ်ပါတယ်။ တချို့ လူငယ်လေးတွေဆိုရင် မိသားစုက မပြည့်စုံတာတောင် လူထု လှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ ရဲရဲရင့်ရင့် ပါဝင် အားဖြည့်ပေးကြတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ၂၈ ရက်နေ့မှာ သူရဲကောင်းလေး မောင်ဇင်လင်းထက်က

လှည်းတန်းက လူထု လှုပ်ရှားမှုမှာပါဝင်ရင်းဦးခေါင်းကို ကျည်ထိခဲ့လို့ ကျဆုံးသွားတာ ဖြစ်ပါတယ်။ မောင်ဇင်လင်းထက် ရဲ့ မိသားစုက ကျိုက်ထိုမြို့မှာ နေထိုင်ကြပြီး လက်လုပ် လက်စား ပြည်သူတွေ ဖြစ်ကြပါတယ်။ ကျန်ရစ်သူ မိသားစုတွေခမျာ အားကိုးရတဲ့ သားလေးကို

အပြီးတိုင် ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်း နာကျင်နေကြတာ ဖြစ်ပါတယ်။ ပြည်သူလူထုကတော့ မောင်ဇင်လင်းထက် ရဲ့ ကျန်ရစ်သူ မိသားစုကို တတ်နိုင်သလောက် ကူညီပေးကြတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ပြည်သူတစ်ဦးက မောင်ဇင်လင်းထက် အတွက်

အလှူငွေ ကောက်ခံထားတဲ့ ငွေတွေအားလုံးနဲ့ ကျန်ရစ်သူ မိသားစုကို အိမ်လေးတစ်လုံး ပြီးစီးအောင် ဆောက်လုပ်ပေးနေတာ ဖြစ်ပါတယ်။ အခုလိုမျိုး ကျဆုံး သူရဲကောင်းတွေရဲ့ ကျန်ရစ်သူ မိသားစုကို ကိုယ်ချင်းစာပြီး ကူညီ လှူဒါန်းကြတဲ့ အလှူရှင်တွေရဲ့ စိတ်ဓာတ်က အရမ်း လေးစားဖို့ ကောင်းပါတယ်။

သူရဲကောင်းရဲ့ကျန်ရစ်သူမိသားစုအတွက် အလှူရှင်တွေအကုန်လုံးဝိုင်းဝန်းပြီးဆောက်လုပ်ပေးနေတဲ့အိမ်လေးက မကြာခင်ပြီးစီးတော့မယ့်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here