ကိုယ်ဝန်ဆောင်တွေ ကိုဗစ်ကို ဘယ်လိုကာကွယ်မလဲ

79

ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရရင် နာတာရှည် ရောဂါအခံရှိ သူတွေမှာ အန္တရာယ် ရှိသလို ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း အဲဒီလူတွေလိုပဲ သတိထား ဂရုစိုက်သင့်တဲ့ အုပ်စုထဲမှာ ပါပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို အထူး သတိပြုရမယ့် အခြေအနေဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေက သာမန်လူတွေနဲ့ မတူဘဲ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရရင် အခြားသူတွေထက် ပြင်းပြင်းထန်ထန် ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် အခုလို ရောဂါကူးစက်မှုနှုန်းနည်း သွားတဲ့ကာလ ဖြစ်ပေမယ့်လည်း အထူးကို ဂရုစိုက်စေချင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန်လရင့်လာလေ အန္တရာယ်များလေဖြစ်ပါတယ်။ ဒါအပြင် ကိုယ်ဝန်ဆောင်တွေက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရတဲ့အခါ ပြင်းပြင်းထန်ထန် ခံစားရတယ်ဆိုတာ အရင်က ဖြစ်ခဲ့တဲ့ တုပ်ကွေးရောဂါနဲ့ SARS ကူးစက်မြန်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တုန်းကတည်းက လေ့လာတွေ့ရှိခဲ့ပါတယ်။

ကိုဗစ်က ကိုယ်ဝန်ဆောင် ဘယ်အပတ်တွေမှာ အန္တရာယ်အများဆုံးလဲ ကိုဗစ် ကူးစက်ခံရပြီး ကိုယ်ဝန်အရင့်အမာရှိနေတဲ့ မိခင်တွေဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကိုယ်ဝန် (၂၈) ပတ်ကျော်ရှိနေတဲ့ မိခင်တွေဟာ ကိုယ်ဝန် (၂၈) ပတ်မပြည့်သေး တဲ့ မိခင်လောင်းတွေထက် အသက်အန္တရာယ်ပိုရှိပြီး အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါတွေမှာ ပိုပြီး အခက်အခဲ ရှိတတ်ပါတယ်။ ကိုယ်ဝန်အရင်အမာနဲ့ ဖြစ်တဲ့အတွက် သာမန်သူတွေလို အသက်ရှုလမ်းကြောင်း ဆိုင်ရာလေ့ကျင့်ခန်းတွေကို လိုက်မလုပ်နိုင်တာက အဓိက ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါအပြင် အသက် (၃၅) နှစ်အထက် ကိုယ်ဝန်ဆောင်၊ အဝလွန်နေတဲ့ ကိုယ်ဝန်ဆောင်၊ သွေးတိုးရောဂါရှိနေတဲ့ ကိုယ်ဝန်ဆောင်၊ ဆီးချိုရောဂါ ရှိနေတဲ့ကိုယ်ဝန်ဆောင်နဲ့ နာတာရှည်ရောဂါ ရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေက ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ခန္ဓာကိုယ်က ပြောင်းလဲမှုတွေ ရှိနေပြီး ခုခံအားစနစ်ကလည်း သာမန်အချိန်တွေနဲ့ မတူဘဲ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်လာရင် သာမန်လူတွေထက်က ပိုပြီးအ ထိနာကြပါတယ်။ ခံနိုင်ရည် မရှိတဲ့ အချိန်ကာလဖြစ်တဲ့အတွက် ဒီလို ကိုဗစ်ကာလ မှာ အခြားသူတွေထက်ပိုပြီး ကာကွယ်ခြင်းကို အလေးထားသင့်ပါတယ်။

ကိုဗစ်ကူးစက်မူမှာ မိခင်ကိုစိုးရိမ်တာကြောင့်၊ ကလေးကြောင့် အချိန်မတိုင်ခင်မွေးဖွားရတာလားကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားစနစ်က သာမန်အချိန်နဲ့ မတူပါဘူး။ ကိုယ်ဝန်ဆောင်နေတဲ့အချိန် ကိုဗစ်ကူးစက်ခံရတဲ့ မိခင်မှာ အသက်ရှုရခက်၊ အသက်ရှုနှုန်းမြန်လာတတ်ပါတယ်။ အောက်ဆီဂျင်တွေကျလာပါတယ်။ ဒါတွေကြောင့် ကလေးကို စောမွေးရတာမျိုးဖြစ်ပါတယ်။ ကလေးရှိနေတော့ အဆုတ်က ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူး။ ကိုယ်ဝန်နဲ့ဆိုတော့ အသက်ကယ်နည်းတွေလုပ်တဲ့အခါမှာ မလွယ်ကူတာကြောင့် ကလေးကို အမြန်ဆုံးမွေးရတာဖြစ်ပါတယ်။ ဒီလိုအမြန်ဆုံးမွေးပေးတဲ့အတွက် ကလေးက လမစေ့ပဲ မွေးသလိုဖြစ်လာတာပါ။

မိခင် ကိုဗစ်ဖြစ်နေတာက ကလေးကို ကူးနိုင်ပါသလား မိခင်က ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ ကလေးကို ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေကိုတော့ ခိုင်ခိုင်လုံလုံမတွေ့ရသေးပါးဘူး။ CDC ရဲ့ ထုတ်ပြန်ချက်အရ မွေးကင်းစကလေးကို စစ်ဆေးခဲ့ရာမှာ ကိုဗစ် Positive ဖြစ်နေပေမယ့် မမွေးဖွားခင်က ကူးစက်တာလား၊ မွေးဖွားပြီးမှ ကူးစက်တာလားဆိုတာ အဖြေမရှာနိုင်ခဲ့ပါဘူး။ ကိုယ်ဝန်ဆောင်စဉ် ကူးစက်တာလား၊ မွေးပြီးမှ ကူးစက်တာလားဆိုတာကိုတော့ ဖော်ထုတ်နေကြဆဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ရက်ချိန်းတွေအတွက် ကြိုတင်ပြင်ဆင်ပါ ကိုယ်ဝန်ဆောင်စဉ်မှာ ပုံမှန်စစ်ဆေးမှု ခံယူဖို့က အရေးကြီးပါ။ ကျန်းမာတဲ့ မိခင်နဲ့ ကျန်းမာတဲ့ ကလေးဖြစ်ဖို့အတွက် ပုံမှန်စစ်ဆေးမှုတွေခံယူဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဆေးရုံသွားစဉ်မှာ နှာခေါင်းစည်းတပ်ခြင်း၊ အာဟာရပြည့်အောင် စားသောက်ခြင်း၊ အိပ်ရေးဝဝအိပ်စက်ခြင်း၊ စိတ်ဖိစီးမှု နည်းပါးအောင်နေခြင်းတို့ဖြင့် ကိုယ်ခံအားကောင်းအောင် ကြိုးစားသင့်ပါတယ်။ ဆေးရုံရောက်တဲ့ အခါမှာလည်း တတ်နိုင်သလောက် ခပ်ခွာခွာနေပါ။

ကိုဗစ်ပိုးရှိမိခင်က ကလေးကို နို့တိုက်လို့ ရပါသလား မိခင်ကနေ ကလေးကို ရောဂါ ကူးစက်တာက ဖြစ်နိုင်ခြေအလွန်ကို နည်းပါးပါတယ်။ ကံကောင်းတာက ကူးစက်ခံရတဲ့ ကလေးတိုင်းကလည်း ကောင်းကောင်းနာလန်ပြန်ထူလာကြပါတယ်။ မိခင်နို့ကနေ ကလေးဆီကို ကူးစက်နိုင်တယ်ဆိုတာမျိုး မတွေ့ရတဲ့အတွက် အကာအကွယ်တွေနဲ့ မိခင်နို့ တိုက်ကျွေးလို့ ရပါတယ်။ ဒါပေမဲ့ ကလေးကို နမ်းရှုံ့တာမျိုးတော့ မလုပ်ပါနဲ့။

ကိုဗစ်ပိုးရှိမိခင်က ကလေးကို နို့တိုက်လို့ ရပါသလား မိခင်ကနေ ကလေးကို ရောဂါ ကူးစက်တာက ဖြစ်နိုင်ခြေအလွန်ကို နည်းပါးပါတယ်။ ကံကောင်းတာက ကူးစက်ခံရတဲ့ ကလေးတိုင်းကလည်း ကောင်းကောင်းနာလန်ပြန်ထူလာကြပါတယ်။ မိခင်နို့ကနေ ကလေးဆီကို ကူးစက်နိုင်တယ်ဆိုတာမျိုး မတွေ့ရတဲ့အတွက် အကာအကွယ်တွေနဲ့ မိခင်နို့ တိုက်ကျွေးလို့ ရပါတယ်။ ဒါပေမဲ့ ကလေးကို နမ်းရှုံ့တာမျိုးတော့ မလုပ်ပါနဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here