ကိုဗစ်နှင့် တိုင်ဖွန်းမုန်တိုင်း အန္တရာယ်ကြောင့် အငတ်ဘေးကြုံရမည်ကို ကင်ဂျုံအန် စိုးရိမ်နေ

324






ကိုးကား – KCNA

Unicode

ကိုဗစ်နှင့် တိုင်ဖွန်းမုန်တိုင်း အန္တရာယ်ကြောင့် အငတ်ဘေးကြုံရမည်ကို ကင်ဂျုံအန် စိုးရိမ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ကိုဗစ်နဲ့ တိုင်ဖွန်းမုန်တိုင်း သဘာဝဘေးအန္တရာယ်တွေကြောင့် စားနပ်ရိက္ခာ ရှားပါးပြီး အငတ်ဘေးကြုံတွေ့လာမှာကို စိုးရိမ်ပူပန်နေပြီလို့ သိရှိရပါတယ်။

မြောက်ကိုရီးယား အာဏာပိုင်တွေဟာ သူတို့နိုင်ငံကို ကိုဗစ်ကင်းစင်တဲ့နိုင်ငံအဖြစ် သတင်းထုတ်ပြန်ထားပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ မြောက်ကိုရီးယားဟာ အမှန်တရားကို ဖုံးကွယ်ပြီး သူ့နိုင်ငံက ပြည်သူလူထုကို မဟုတ်မမှန် ဝါဒဖြန့်နေတာသာဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။

ကိုဗစ်ကပ်ဘေးနဲ့ မနှစ်တုန်းက မြောက်ကိုရီးယားကို ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဘေးအန္တရာယ်ကြောင့် စားနပ်ရိက္ခာပြဿနာကို သူတို့အနေနဲ့ မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းရတော့မှာဖြစ်ကြောင်း ကင်ဂျုံအန်က ပြောကြားထားပြီး ဒီလိုပြဿနာတွေ ရင်ဆိုင်နေရပေမယ့် နိုင်ငံရဲ့စီးပွားရေးကတော့ တိုးတက်နေကြောင်း ကင်ဂျုံအန်က ဆက်လက် အသိပေးသွားခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ အာဏာရအလုပ်သမားပါတီရဲ့ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးပွဲကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့ပြီး စီးပွားရေးအခန်းကဏ္ဍ လိုအပ်ချက်တွေကို ဖြေရှင်းဖို့ အစီအမံတွေနဲ့ နိုင်ငံရဲ့အနာဂတ်အတွက် အရေးပါတဲ့ မူဝါဒတွေကို ဒီအစည်းအဝေးပွဲမှာ ကင်ဂျုံအန်က ချမှတ်ပေးသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – KCNA

LEAVE A REPLY

Please enter your comment!
Please enter your name here