ကိုဗစ်ကြောင့် မိသားစုဝင်တွေကိုလည်း ဆုံးရှုံးခဲ့ရပြီး ကိုယ်တိုင်လည်း အသက်ရှင်ဖို့ မနည်း ကြိုးစားခဲ့ရတယ်ဆိုတဲ့ မိုးပြည့်ပြည့်မောင်

321

ပရိသတ်ကြီးရေ မိုးပြည့်ပြည့်မောင်ကတော့ လက်ရှိမှာအနုပညာအလုပ်တွေကိုလုပ်ကိုင်ခြင်းမရှိတောပေမဲ့ ပရိသတ်တွေကတော့ မိုးပြည့်ရယ်လို သတိတရရှိနေကြစဲပါ။ မိုးပြည့်ကတော့ လတ်တလောကိုဗစ်ကာလမှာ သူကိုယ်တိုင်လည်း ကိုဗစ်ကူးစက်ခံခဲ့ရပြီး ချစ်ရတဲ့ မိသားစုဝင်ကိုပါဆုံးရှုံးလိုက်ရကြောင်း ဝမ်းနည်းစွာနဲ့ အခုလိုပဲရင်ဖွင့်လာခဲ့ပါတယ်။

“ကျွန်မတို့မိသားစုလိုက် ကိုဗစ်ဖြစ်သွားတာရော အတူနေတဲ့မိုးပြည့်ကိုငယ်ငယ်ထဲကထိန်းသိမ်းစောင့်ရှောက်ပြီးအခုကီးလေးကိုပါထိန်းပေးတဲ့အရမ်းချစ်ရတဲ့အဒေါ်ငဗစ်ကြောင့်ဆုံးရှုံးလိုက်ရတယ်။မေမေ့ကိုလဲအခုချိန်ထိ အောက်စီဂျင်ပေးပြီးအသက်မနည်းလုခဲ့ရတယ်။”လို့ ချစ်ရတဲ့ အဒေါ်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး သူကိုယ်တိုင်လည်း အသက်လုခဲ့ရတဲ့ အခြေနေတွေအထိကိုဖြစ်ခဲ့ပါတယ်တဲ့။

မိုးပြည့်က သူကိုယ်တိုင်လည်း ချစ်တဲ့သူတွေဆုံးရှုံးခဲ့ရသလို ချစ်ရတဲ့ ပရိသတ်တစ်ချို့လည်း ကပ်ဘေးတွေကြောင့် အသက်ဆုံးရှုံးရတဲ့ သတင်းတွေကြားရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ကြောင်းနဲ့ ကျန်းမာရေးတွေကောင်းမွန်အောင် နေထိုင်ကြဖို့လည်း အားပေးတိုက်တွန်းထားပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here