ကိုဗစ်ပထမလှိုင်းမှ ယခုချိန်ထိ အိမ်မပြန်တော့ဘဲ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ပေးနေတဲ့ ၁၁နှစ်သား ပရဟိတသမားလေး

75

ပရိသတ်ကြီးရေ.. ပရဟိတအလုပ် လုပ်ဖို့ဆိုတာ တကယ်ကို မလွယ်ပါဘူးနော်။ အချိန်မရွေး နေရာမရွေး အကြောင်းမျိုးစုံနဲ့ ခက်ခဲနေ အကူအညီလိုနေတဲ့သူတွေကို ကူညီပေးနိုင်ဖို့ဆိုတာက ကိုယ်တိုင်လည်း အိမ်ပြန်ချိန်မသိ စားချိန်မသိ အိပ်ချိန်မသိကြရတဲ့အထိ စိတ်ရောကိုယ်ပါနှစ်ပြီး အပင်ပန်းခံ လုပ်ရတာမျိုးပါနော်။

သူများကိုကူညီနေရင်း ကိုယ်တိုင်လည်း ပင်ပန်းတာတွေ ရှိသလို အန္တရာယ်များတာမျိုးလည်း ကြုံနိုင်တာမို့ ပရဟိတဆိုတာ အပြောလွယ်ပေမယ့် ရေရှည်လုပ်နိုင်ဖို့က အင်မတန် ခက်ပါတယ်။

ဒီလိုလုပ်နိုင်ဖို့ ခက်ခဲလွန်းလှတဲ့ ပရဟိတအလုပ်ကို အသက်ဆယ့်တစ်နှစ်အရွယ် လူငယ်လေးက အိမ်ကိုတောင်မပြန်တော့ဘဲ ကိုဗစ်ကပ်ရောဂါကြီး စဖြစ်ထဲကအများပြည်သူတွေအတွက် ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်ကာ ကူညီဆောင်ရွက်ပေးနေတယ်လို့ ကြားရတာ တကယ့်ကို မယုံနိုင်စရာပါပဲနော်။

ဒီလိုအံ့သြဖွယ် စိတ်ဓာတ်နဲ့ ပရဟိတတွေ လုပ်ဆောင်နေတဲ့ လူငယ်လေးရဲ့ အကြောင်းကို ပြည်သူများ ဂုဏ်ယူဝမ်းမြောက်စွာ သာဓုခေါ် ကြည်နူးနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။“အောက်ဆီဂျင်အိုးထမ်းပြီး ပြည်သူတွေကို ကူညီပေးနေတဲ့ အသက်(၁၁)နှစ်ပဲရှိသေးတဲ့ ပရဟိတသမားလေး မောင်ငြိမ်းချမ်းဇော်”

မော်လမြိုင် ရွှေနတ်တောင်လူမှုကယ်ဆယ်ရေးအဖွဲ့က(၁၁)နှစ်ပဲရှိသေးတဲ့ အသက်အငယ်ဆုံးပရဟိတ အသင်းသား မောင်ငြိမ်းချမ်းဇော်ပဲဖြစ်ပါတယ်။ကိုဗစ်ပထမလှိုင်းထဲကနေ တတိယလှိုင်းအထိ နေအိမ်လုံးဝမပြန်ဘဲ ပရိဟတ အလုပ်ကို တာဝန်ကျေပွန်စွာနဲ့လုပ်ဆောင်နေတာပါ။

အသက်ငယ်ပေမဲ့ ပရဟိတစိတ် ထက်သန်စွာဖြင့် အောက်ဆီဂျင်အိုးများ ဝိုင်းကူသယ်ပေးခြင်းအိမ်‌တွေမှာ ပိုးသတ်ဆေးဖြန်းခြင်း တို့အပြင် အရေးပေါ် ကယ်ဆယ်ရေးအတွက် တက်ကြွစွာနဲ့ လိုအပ်သည့်နေရာများတွင် ဝိုင်ဝန်းကူညီဆောင်ရွက်ပေးနေပါတယ်။ဖတ်ရှု့အားပေးနေသောပရိသတ်ကြီးမှလည်း အသက်ငယ်ပေမယ့် လေးစားစရာကောင်းလွန်းလှသော ပရဟိတလူငယ်လေး မောင်ငြိမ်းချမ်းဇော်ကို ချီးကျူး ဂုဏ်ပြုစကားလေးတွေ ပြောကြားပေးခဲ့ကြပါအုံးနော် ။

LEAVE A REPLY

Please enter your comment!
Please enter your name here