ကားပေါ်ကနေ ရက်ရက်စက်စက် စွန့်ပစ်ခံလိုက်ရတဲ့ ဉာဏ်ရည်နိမ့်ပါး ကလေးငယ်လေး တစ်ဦးရဲ့ အကြောင်းစုံကို စိတ်မကောင်းစွာပြောပြလာတဲ့ ခိုင်နှင်းဝေ

120

ဒီရက်ပိုင်းမှာဆိုရင် ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေက အကြောင်း မျိုးမျိုးကြောင့် စွန်းပစ်ခံနေရတဲ့ ကလေးများကို သူမရဲ့ ဂေဟာမှာ တရားဝင် ခေါ်ယူ မွေးစားစောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ် ။ စွန့်ပစ်ခံ ကလေးလေးတွေ ခမျာ လသားအရွယ်တွေ ပါသလို မသန်စွမ်းတာတွေ ရောဂါ ဝေဒနာ ခံစားနေရသူတွေတောင် ပါနေတာ စိတ်မကောင်းစရာပါ ။

ခိုင်နှင်းဝေကတော့ ဘယ်လို ပုံစုံ ကလေးမျိုးပဲ ဖြစ်နေပါစေ ကိုယ့်သားသမီး အရင်းလို သဘောထားပြီး မိခင်ရင်း သဖွယ် နွေးထွေးတဲ့ မေတ္တာ တရားတွေနဲ့ စောင့်ရှောက်ပေးနေတာ လေးစားစရာပါ ။အခုလည်း ကားပေါ်ကနေ ရက်ရက်စက်စက် စွန့်ပစ်ခံလိုက်ရတဲ့ ကလေးငယ်လေးတစ်ဦး အကြောင်းကို စိတ်မကောင်းစွာပြောပြလာပါတယ် ။

ကလေးက ရိုးရိုး သာမာန်ကလေးတစ်ယောက်မဟုတ်ဘဲ ဉာဏ်ရည်နိမ့်ပါးနေတဲ့ ကလေးဖြစ်တယ်လို့ သိရပါတယ် ။ အကြောင်းစုံကိုတော့ ” တောင်ဥက္ကာလာ ရတနာလမ်းထောင့် မီးပွိုင့် မှာ ဉာဏ်ရည်နိမ့်ပါး သားငယ်လေး တစ်ယောက်ကို Hijet ကားပေါ်မှ ပစ်ချပြီး စွန့်ပစ်သွားကြောင်း ဖုန်းဆက် အကြောင်းကြား လာပါတယ်ရှင် ကလေးက စကားမပြောတတ်ပဲ ကလေးဗိုက်မှာလဲ ဗိုက်ခွဲရာများ တွေ့ရပါတယ် စုံစမ်းစရာများ စစ်ဆေးပြီး လိုအပ်တာများ လုပ်ဆောင်ထားပါတယ်ရှင်.” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here