ကားအစီးပေါင်း ၆၀၀ နှင့် သန်းချီသောငွေသားများဖြင့် ဝန်ထမ်းများအား ပွဲတော်လက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ စိန်ကုန်သည်ကြီးတစ်ဦး

116

Savji Dholakia အမည်ရှိအမျိုးသားတစ်ဦးဟာ အိန္ဒိယနိုင်ငံ Surat မြို့ရှိ စိန်ကုန်သည်တစ်ဦး ဖြစ်ပြီး သူ၏၀န်ထမ်းများအား တန်ဖိုးကြီးလက်ဆောင်များပေးအပ်တတ်တဲ့သူ၏ရက်ရောမှုကြောင့် နာမည်ကြီးလူသိများပါတယ်။ ဤတစ်ကြိမ်တွင် ရက်ရောတဲ့ကုန်သည်ကြီးဟာ ၎င်းတို့ရဲ့ရိုးရာပွဲ Diwali အတွက် သူ၏၀န်ထမ်းများအား ပေးအပ်ခဲ့သော ဒေါ်လာသန်း ၂၀ ခန့်တန်ဖိုးရှိတဲ့ ကားပေါင်း ၆၀၀ ခန့်အတွက် ကမ္ဘာတစ်ဝှမ်းရှိ ခေါင်းကြီးပိုင်းသတင်းများတွင် ထပ်မံပါဝင်လာခဲ့ပါတယ်။ ၎င်းကားအမှတ်တံဆိပ်များတွင် Renault KWID နှင့် Maruti Suzuki Celerio တို့ပါဝင်ပါတယ်။ Dholakia ဟာ ငွေသားနှင့်တိုက်ခန်းများဖြင့် သူ၏ဝန်ထမ်းတစ်ထောင်ကိုကျော်ကိုလည်း လက်ဆောင်များပေးအပ်ကြောင်း အစီရင်ခံခဲ့ပါတယ်။ ၎င်းလက်ဆောင်ပေးအပ်ပွဲကြီးကို Gujarat ပြည်နယ် Surat မြို့ရှိ Dholakia ပိုင်ဆိုင်တဲ့ စိန်ရောင်းဝယ်ရေးကုမ္ပဏီ Hari Krishna Exporters မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေခဲ့တဲ့ Facebook post တစ်ခုတွင် Dholakia ဟာ လက်ဆောင်များဟာ သစ္စာရှိဝန်ထမ်းများအား ဆုချပေးတဲ့ကုမ္ပဏီ၏မက်လုံးအစီအစဉ်တစ်ခု၏အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်းဟု ရေးသားခဲ့ပါတယ်။ “ ဒီအစီအစဉ်ရဲ့ရည်ရွယ်ချက်က ၀န်ထမ်းတွေရဲ့သစ္စာရှိမှုနဲ့ကုမ္ပဏီအပေါ်စေတနာထားမှုကိုဆုချဖို့ပါ” ဟု Dholakia က ပြောကြားခဲ့ပါတယ်။

New Indian Express ၏အဆိုအရ ၀န်ကြီးချုပ် Narendra Mohdi က video conferencing မှတဆင့် ကြီးကျယ်သော၎င်းစုဝေးပွဲ၌ မိန့်ခွန်းပြောကြားပေးခဲ့ပါသေးတယ်။ Dholakia ဟာ သူကိုယ်တိုင်နယူးဒေလီရှိအလုပ်သမားအနည်းငယ်အားလည်း ကားသော့များလက်ဆောင်ပေးခဲ့ပါသေးတယ်။

အိန္ဒိယလူမျိုးများဟာ အဆိုးကိုကျော်လွန်ပြီးအကောင်းကိုအောင်ပွဲခံသော ဟိန္ဒူပွဲတော် Diwali တွင် အပြန်အလှန်လက်ဆောင်ပေးခြင်းဟာ အိန္ဒိယလူမျိုးများ၏ရိုးရာတစ်ခုဖြစ်ပါတယ်။စိန်ကုန်သည်ကြီးဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၌ သူရဲ့ဝန်ထမ်းများအား ရာပေါင်းချီတဲ့တိုက်ခန်းများအပါအဝင် ခမ်းနားထည်ဝါသောလက်ဆောင်များပေးအပ်ခဲ့တာကြောင့် ထိုအချိန်၌ ခေါင်းကြီးပိုင်းသတင်းစာများတွင် ဖော်ပြခြင်းခံခဲ့ရပါသေးတယ်။

သူဟာ ကုမ္ပဏီအတွက် ၂၅ နှစ်တာအလုပ်လုပ်ပေးခဲ့တဲ့ စီနီယာဝန်ထမ်းသုံးဦးအား Mercedes Benz SUVs ကားများပေးအပ်ခဲ့သောကြောင့် စိန်ကုန်သည်ကြီးဟာ မြို့၏ပြောဆိုမှုတစ်ခုဖြစ်ခဲ့ပါသေးတယ်။ ထိုစဉ်က Mercedes Benz SUV တစ်စီးကို ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here