COVID-19 ကာကွယ်ဆေး ၀ယ်ယူရန်အတွက် ငွေကျပ်သိန်း (၁၀၀၀၀) လှူဒါန်းခဲ့တဲ့ ဦးစိုင်းမျိုးဝင်း

390

COVID-19 ကာကွယ်ဆေး ဝယ်ယူရန် EFD Group မှ ကျပ်သိန်းပေါင်း တစ်သောင်းထပ်မံလှူဒါန်း

နိုင်ငံတော်၏ COVID-19 ကာကွယ်ဆေး ဝယ်ယူရေးလုပ်ငန်းစဉ်အတွက် EFD Group မှ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ တို့က ကျပ်သိန်း ပေါင်း တစ်သောင်းထပ်မံလှူဒါန်းလိုက်ကြောင်း သိရသည်။

အဆိုပါ အလှူငွေ လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်က ရန်ကုန်တိုင်းဒေကြီးအစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံရယူခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

“ကျွန်တော်တို့ မိသားစုက Excellent Fortune Foundation ( EFF Foundation )နဲ့ လူမှုရေး၊ကျန်း မာ ရေး၊ ပညာရေးနဲ့လူထုအကျိုးပြု လုပ်ငန်းတွေကို စဉ်ဆက်မပြတ်ပါဝင်လှူဒါန်းခဲ့ပါတယ်။ သာကေ တမြို့နယ်က Fortune Plaza We Love Yangon Happy COVID Center ဆေးရုံကိုလည်း နိုင်ငံ တော်ကို လှူဒါန်း ထားပါတယ်”ဟု အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းကပြောသည်။

နိုင်ငံတော်မှ COVID-19 ကာကွယ်ဆေး ၀ယ်ယူရန်အတွက် ငွေကျပ်သိန်း (၁၀၀၀၀) လှူဒါန်းခဲ့တဲ့ ဦးစိုင်းမျိုးဝင်း

၁။ Excellent Fortune Development Group ( EFD Group )ဖြင့် ငွေကျပ် ၅ဝဝ,ဝဝဝ,ဝဝဝိ/- (ကျပ်သိန်းငါးထောင်တိတိ)၊

၂။ မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည့် Farmers Development Public Bank ( FDB Bank )ဖြင့် ငွေကျပ် ၃ဝဝ,ဝဝဝ,ဝဝဝိ/- (ကျပ်သိန်းသုံးထောင်တိတိ)၊

၃။ Excellent Fortune Life Insurance ( EFIL )ဖြင့် ငွေကျပ် ၁ဝဝ,ဝဝဝ,ဝဝဝိ/- (ကျပ်သိန်းတစ်ထောင်တိတိ)၊

၎။ Excellent Fortune General Insurance ( EFIG )ဖြင့် ငွေကျပ် ၁ဝဝ,ဝဝဝ,ဝဝဝိ/- (ကျပ်သိန်းတစ်ထောင်တိတိ)

စုစုပေါင်း ငွေကျပ် ၁,ဝဝဝ,ဝဝဝ,ဝဝဝိ/- ကျပ်သိန်းပေါင်း တစ်သောင်းတိတိ ( 1 – Billion Kyats )ကို နိုင်ငံတော်သို့ လှူဒါန်း ဖြစ်ခဲ့ပါတယ်။

အလှူငွေ လက်ခံ၍ ကျေးဇူးတင်စကား ပြောကြားပေးပါသော ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တကွ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများကို အထူး ကျေးဇူးတင်မိပါတယ်။

ယခုကဲ့သို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ COVID-19 ရောဂါမှ အမြန်ဆုံး ကင်းလွတ်နိုင်ရန် လိုအပ်နေသည့် ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေအဖြစ် ကျပ်သိန်းပေါင်း ၁၀,၀၀၀/- ( သိန်းပေါင်းတစ်သောင်း ) ( 1 – Billion Kyats ) လှူဒါန်းခွင့် ရခြင်းအပေါ် များစွာ ဝမ်းသာပီတိ ဖြစ်မိပါတယ်။

ကမ္ဘာသူ၊ ကမ္ဘာသားများလည်း COVID-19 ကပ်ဘေးမှ အမြန်ဆုံး ကင်းလွတ်၍ ကျန်းမာ၊ ချမ်းသာပါစေလို့ ကျွန်တော် ဦးစိုင်းမျိုးဝင်းမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ။

LEAVE A REPLY

Please enter your comment!
Please enter your name here