ကယားပြည်နယ်မှာ ကျဆုံးခဲ့တဲ့ PDF သူရဲကောင်း စိုင်းဘုန်းမင်းသန့် ၏ မိခင်ဖြစ်သူရဲ့ ကြေကွဲမှတ်တမ်း

251

သားတစ်ယောက်ကိုဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ယောက်အနေနဲ့ ​ကြေကွဲမှတ်တမ်းလေးတင်ပါရစေနော် သားအကြီးဆုံးမို့ သားအငယ်နဲ့သမီးလေးထက် အရင် အစစအရာရာ ဦးစားပေးချစ်ခဲ့ရတဲ့သား အမေဓမ္မစကူးလ်ဆရာမဆို သားကဓမ္မစကူးလ်ဆရာအမေကင်းထောက်ဆို သားကကင်းထောက်ဆရာအမေဆရာမဆို သားက guideအမေဈေးရောင်းရင် သားက model

အမေ့အဝန်းအဝိုင်းလေးကို အား​​ဖြည့်ဂုဏ်တက်စေသူ ဘယ်အဖွဲ့အစည်းမှာဘဲရောက်ရောက် လိုက်လျောညီထွေ ချစ်ခင်အောင်နေတတ်ပြီး အများအတွက် ကူညီဆောင်ရွက်ပေးသူဝါဆိုလပြည့်နေ့ရဲ့လမင်းကြီးနဲ့အတူ အမေ့ဘဝထဲဝင်လာပြီး တော်သလင်းလပြည့်နေ့ရဲ့ လမင်းကြီးနဲ့အတူ အမေ့ကိုချန်ထားပြီး နုတ်မဆက်ဘဲထွက်သွားသူသူနဲ့ဆက်စပ်ရာပတ်ဝန်းကျင်ကလူတွေကို လမင်းကြီးပမာ အေးမြမှုတွေ ပေးစွမ်းခဲ့သူအသက်(၂၂) နှစ်တောင်မပြည့်သေးတဲ့ အမေ့သားကအာဇာနည်သူရဲကောင်း…တဲ့လားကြွေကျတာတောင် လင်းလက်နေတဲ့ကြယ်ပွင့်..တဲ့လားတောထဲတောင်ထဲ ဘယ်သူမှမသိတဲ့နေရာမှာ Db တောင်မရဘဲ သေဆုံးခဲ့တာတောင် ပြည်တွင်း၊ပြည်ပ မီဒီယာ​တွေကနေဖော်ပြပေးတဲ့အထိသားရဲ့ကျဆုံးမှုကို အသိအမှတ်ပြုခံစေရတဲ့သားစိုင်းဘုန်းမင်းသန့်မေမေလား ကိုစိုင်း ရှေ့တန်းမှာလက်နက်ကြီးထိပြီး ကျဆုံးပါတယ်..” လို့ ဝင်လာတဲ့ဖုန်းထဲက စ​ကားသံ ခုထိ နားထဲက မထွက်ပါဘူးရုတ်တရက် အသက်ရူတာရပ်သွားသလို”မဟုတ်ဘူး၊မယုံဘူး၊မဖြစ်နိုင်ဘူး”လို့ ပါးစပ်က ငြင်းဆန်နေရပေမယ့် မတ်တတ်ရပ်နိုင်စွမ်းတောင်မရှိအောင် ပြိုလဲခဲ့ရတာပါဖြစ်စဉ်ကို ကိုယ်ကိုတိုင် သိချင်လို့ ခန ခန ဖုန်းဆက်မေးနေပေမယ့် ဒီအဖြေကို ကိုယ်တိုင်ပြန်နားထောင်ဖို့ကို သတ္တိမရှိအောင်ကြောက်နေခဲ့တယ်”သားလေးကို ထားခဲ့ရတယ်”လို့ ပြောကြပေမယ့်ကူညီမယ့်သူတော်ကောင်းနဲ့တွေ့ပြီး ကယ်တင်စောင့်ရှောက်ပေးထားပါစေတနေရာရာမှာအသက်ရှင်နေပါဆိုတဲ့ဆုတောင်းတွေမပြည့်ခဲ့ပါဘူး။

သူ့လူတွေလို့ သူအမြဲပြောနေတဲ့ သူတွေအတွက်နေဖို့နေရာဆို Air con , Wifi ,Water cooler အပြည့်အစုံ သွားမလား ကားအဆင်သင့်၊စားချင်တာပြောဦးမလား ဒီအမေချက်တာတစ်မျိုး၊ဆိုင်ကဝယ်ကျွေးတာ မျိုးစုံ မထပ်စေရဘူး ဒဏ်ရာရနေလား ဆေးကုပေးမယ်၊နေကောင်းတဲ့အထိပြုစုပေးပြီး အိမ်တိုင်ရာရောက်ကားနဲ့လိုက်ပို့ပေးမယ်သူများကို ကူညီပြီဆို တအားကိုလုပ်ပေးတတ်လို့ အမေကပြောတိုင်း”မေရယ် ဒါရဲဘော်ရဲဘက်တွေလေလုပ်ပေးရမှာပေါ့.. ” တဲ့ တခြားသောကူညီပေးမှုတွေ ချရေးလို့ မကုန်ပါဘူးဒီလောက်ကူညီတတ်တဲ့ ငါ့သား​လေးကူညီကယ်တင်မယ့်သူ မပြောနဲ့ ခုထိ db တောင်ယူလို့မရသေးဘူးတဲ့လားလပြည့်ညရဲ့ လမင်းကြီးအောက်မှာ တစ်ယောက်တည်းကျန်ခဲ့တယ်…တဲ့လား ကံကြမ္မာရယ် ရက်စက်လွန်းခဲ့တယ်”သားပြန်လာမယ်နော်.. လို့”အမေ့ကိုကန်တော့ရင်း သားကိုယ်တိုင်ကတိ​ပေးခဲ့တာ..မကြာသေးပါဘူးနော်အမေငိုတော့ အမေ့ကိုပွေ့ဖက်နှစ်သိမ့်ပေးပြီး ကျောကိုသပ်လို့ အမေ့ပါးကိုနမ်းခဲ့တာခုတော့ နောက်ဆုံး အနမ်းတဲ့လား သားရယ်အမေ့အလှည့်ကျမှ သားကိုနောက်ဆုံးနုတ်ဆက်နမ်းဖို့ Db တောင်မရဘူး…တဲ့လား ပညာရေးတပိုင်းတစနဲ့ သားအိပ်မက်တွေ အကောင်အထည်မဖော်နိုင်သေးခင်ထွက်သွားရတာအမေ တကယ်စိတ်မကောင်းပါဘူး သားရယ်သားရဲ့ယုံကြည်ချက်အတိုင်းလျှောက်လှမ်းခဲ့မှုအတွက်

သားရဲ့ကျဆုံးမှုကို တိုင်းသိပြည်သိ ဂုဏ်ပြုနေကြပါပြီ ..နောက်ဘဝမှာ လူ့အသက်ကိုတန်ဖိုးထားတဲ့တိုင်းပြည်မှာလူပြန်ဖြစ်ပါစေ၊ လူ့ဘဝရပါစေ သားရေ…အမေ့ထက်ပိုချစ်ပေးမယ့် အမေနဲ့ ဆုံဆည်းနိုင်ပါစေ ..အမေ့ထက်ပြည့်စုံအောင်ထားပေးမယ့် မိဘနဲ့တွေ့ဆုံပါစေသားအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီး..မကြွေခင်မှာ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်အဖြစ် လောကအကျိုးကိုဆောင်နိုင်ပါစေဝမ်းနည်းကြေကွဲရနေရပေမယ့် ဂုဏ်ယူပါတယ်သား…လူသာသေတယ် နာမည်မသေခဲ့ပါဘူးအမေ့ရင်ထဲမှာတော့ ထာဝရ ရှင်သန်နေမယ့်သားပါ…အမေအမြဲချစ်နေမှာပါ အမေ မမေ့ဘူးနော်သားကို…လွတ်လပ်စွာပျံသန်းလိုက်ပါသားအမေတို့မိသားစုက ဝမ်းနည်းကြေကွဲခြင်း များစွားဖြင့် ဂုဏ်ယူလိုက်ပါတယ်သားရယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here