ကမ်းနားလမ်းတလျှောက် ဈေးဆိုင်အချို့ကို စည်ပင်ဖျက်နေ၊ တပ်နဲ့ရဲအင်အား တစ်ရာခန့် လုံခြုံရေးပါလာ

121

ရန်ကုန်မြို့၊ ကမ်းနားလမ်းပေါ်ကရန်ကုန်မြစ်ကမ်းဘက်ခြမ်းပေါ်မှာရှိတဲ့ ဈေးဆိုင်တန်းထဲက အချို့ဆိုင်တွေကို စည်ပင်က ဒီနေ့ အောက်တိုဘာလ ၂၈ ရက်မနက်ပိုင်းမှာ လာရောက်ဖျက်နေတယ်လို့ သိရှိရပါတယ်။

အဲဒီမှာ စစ်ကား ၇ စီး၊ စစ်ကောင်စီတပ်အင်အား ၁၀၀ နီးပါးလည်း အစောင့်အကျပ်လိုက်ပါလာတာတွေ့ရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

မြို့တွင်းမြို့နယ်လေးခုက အသီးအနှံနဲ့အစားအသောက်ရောင်းချတဲ့လမ်းဘေးဈေးသည်တစ်ထောင်ကျော်ကို ကမ်းနားလမ်းက အဲဒီညဈေးတန်းမှာ ရန်ကုန်မြို့တော်စည်ပင်က ၂၀၁၆ ခုနှစ်နှောင်းပိုင်းမှာ ပြောင်းရွှေ့ရောင်းချစေခဲ့တာဖြစ်ပါတယ်။
နေရာအပြောင်းအရွှေ့မှာ ပုံမှန်စားသုံးနေကျဖောက်သည်တွေ လာရောက်စားသုံးတာ နည်းခဲ့လို့ ညဈေးတန်းမှာရောင်းချတာ အဆင်မပြေမှုတွေရှိတယ်လို့ ဈေးသည်တွေက အစောပိုင်းကတည်းက ပြောထားပါတယ်။

အခုတော့ ဒီဈေးဆိုင်တန်းက ဆိုင်အချို့ကို စည်ပင်က ဘာ့ကြောင့် ဖယ်ရှားဖို့ ကြိုးပမ်းလဲဆိုတာ သိနိုင်အောင် ဘီဘီစီက ရန်ကုန်မြို့တော်စည်ပင်ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here