ကမ္ဘာ့ငြိမ်းချမ်းရေးကို တရုတ်နိုင်ငံက လက်ကိုင်ထားပါတယ်လို့ သမ္မတ ရှီကျင့်ဖျင်ပြောကြား

80

ကမ္ဘာလုံးဆိုင်ရာ တရုတ်အင်အားကြီးထွားလာတဲ့အမျှ အမေရိကန်နဲ့ အခြားတိုင်းပြည်တွေ ကစိုးရိမ်မှု တွေရှိလာတဲ့ကြားမှ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာစည်းမျဉ်းတွေကို အမြဲတမ်းလက်ကိုင်ထားမယ်လို့ အောက်တိုဘာလ ၂၅ ရက်နေ့ တနင်္လာနေ့တုန်းက ပြောကြားလိုက်ပါတယ်။

ယင်းသို့ တရုတ်သမ္မတ ရဲ့ ပြောကြားချက်ဟာဆိုရင် ယခုလအတွင်းမှာပဲ ထိုင်ဝမ်က ပြောလိုက်တဲ့ ၎င်းရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းကို အိမ်နီးချင်း နိုင်ငံကြီးက စစ်တပ်အင်အားသုံးပြီး ပြန်လည်သိမ်းပိုက်ရန်ကြိုးစားလာနေလို့ စိုးရိမ်မှုတွေမြင့်တက်နေတဲ့ အချိန် တရုတ်နဲ့ စစ်ရေးတင်းမာမှုက နှစ်ပေါင်း ၄၀ အတွင်း အဆိုးဆုံးဖြစ်လာခဲ့တယ်ဆိုတာကို ထုတ်ပြောလိုက်ပြီးတဲ့နောက်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂနိုင်ငံများအဖွဲ့မှာ တရုတ်နိုင်ငံ ပြန်လည်ပါဝင်လာတဲ့ နှစ်ပေါင်း ၅၀ ပြည့်အထိမ်း အမှတ် မိန့်ခွန်း ထဲမှာဆိုရင် ၎င်းဟာ ကမ္ဘာ့ငြိမ်းချမ်းရေးတည်ဆောက်သူနဲ့ နိုင်ငံတကာစည်းမျဉ်းကို အမြဲ ကာကွယ်စောင့်ရှောက်သူဖြစ်တယ်လို့ သမ္မတ ရှီက ပြောကြားခဲ့ခြင်းကို နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီက သတင်းရေးသားဖော်ပြထားပါတယ်။

“တရုတ်နိုင်ငံက အာဏာနိုင်ငံရေး၊ တစ်ဖက်သတ်ဝါဒနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ ပုံစံအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်” လို့ ဆိုပါတယ်။ နောက်ပြီး ဒေသတွင်းပဋိပက္ခတွေ၊ အကြမ်းဖက် ဝါဒ၊ ရာသီဥတုပြောင်းလဲမှု၊ ဆိုက်ဘာလုံခြုံရေးနဲ့ ဇီဝလုံခြုံရေးစတဲ့ ကိစ္စ ရပ်တွေအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ တောင်းဆိုထားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here