ကန့်ဘလူမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ၂ ဦး ဓားဖြင့် ခုတ်သတ်ခံရ

230

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ပျူစောထီးအဖွဲ့ ခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင်တစ်ဦးတို့ကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ယမန်နေ့ စက်တင်ဘာ ၂၁ရက်တွင် တောကြီးမြွေဟောက်- ခင်ဦးက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ သတင်းပေး ပျူစောထီးခေါင်းဆောင်ဆိုသူ ကိုဇော်လင်းအောင်နှင့် ပျူစောထီး အဖွဲ့ဝင်ဆိုသူ မောင်ထွန်းတို့အား ဒလန်ရှင်းလင်းရေးလုပ်ငန်းများကို အဓိကထားလုပ်ဆောင်နေသည့် တောကြီးမြွေဟောက်- ခင်ဦးအဖွဲ့မှ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့၏ အရှေ့ဘက် မိုင်၂၀အကျော် ဗစည်ကြီးရွာနှင့် မလည်ကျေးရွာ အကြားတွင်ယမန်နေ့ နေ့လည် ၁၂နာရီ မိနစ်၃၀ အချိန်က ဓားဖြင့်ခုတ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

” အဲဒီ ပျူစောထီးခေါင်းဆောင်က ဇီးကုန်းသကြားစက်က စကစတွေကို ထန်းတောရွာခေါ်ပီး လက်နက်တပ်ဆင်ပေးခိုင်းတယ်ဗျ။ လွန်ခဲ့တဲ့တစ်လလောက်က ပျူစောထီးအဖွဲ့ဝင် ၃၀လောက်ရှိတယ် ။ လက်နက်တွေနဲ့ စစ်တပ်လာရင် ထွက်ကြိုကြတာ။ ရွာမှာ တက်ကြွလှုပ်ရှားသူနဲ့ CDM တွေနေလို့မရအောင် ခြိမ်းခြောက်တယ်။ စကစတွေကို ရွာခေါ်ပြီး ဖမ်းခိုင်းမယ်လုပ်တော့ ရွာမှာမနေရဲ ကြဘူးလေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျူစောထီးခေါင်းဆောင် ကိုဇော်လင်းအောင်သည် ထန်းတောရွာ ဇာတိဖြစ်ပြီး ဧရာဝတီမြစ်ဘေးရှိ မလည်ရွာတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပျူစောထီခေါင်းဆောင်လုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။စစ်ကောင်စီ၏ ယန္တရား လည်ပတ်နိုင်စေရန် ထိတွေ့ဆက်ဆံနေသော အဖွဲ့အစည်းများ၊ စစ်ကောင်စီသတင်းပေး ဒလန် နှင့် ပျူစောထီးများ၏ အသက်အိုးအိမ်များကို အာမခံမည် မဟုတ်ကြောင်းနှင့် အာဏာသိမ်း အကြမ်းဖက်အုပ်စုကို ဆုံးခန်းတိုင်ကျရှုံးသွားသည်အထိ King Cobra (တောကြီးမြွေဟောက်အဖွဲ့)မှ ပြောက်ကျားနည်းဖြင့် အမြစ်ပြတ် သုတ်သင်ရှင်းလင်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here